ယူရို ၆၀၀ တန် ဖုန်းပါ

HMD ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်းမော်ဒယ်သစ် Nokia 8.3 5G ကို တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Nokia 8.3 5G ဟာ အလတ်တန်းစားနဲ့ ဘက်ဂျက်ဗားရှင်း ဖုန်းသစ်တွေ ဖြစ်တဲ့ Nokia 5.3 ၊ Nokia 1.3 နဲ့ Nokia 5310 စမတ်ဖုန်းတွေနဲ့အတူ ထွက်လာတာပါ။ flagship ဖုန်းသစ်အဖြစ် မိတ်ဆက်လိုက်တဲ့ Nokia 8.3 5G ဟာ Snapdragon 765G Processor နဲ့ လာပြီး 4500mAh ဘက်ထရီ ပါရှိပါတယ်။ fingerprint scanner ဟာ ဖုန်းဘေးဘက် ပါဝါခလုတ်မှာ တပ်ဆင်ထားပါတယ်။



ဈေးကွက်ထဲမှာ 5G ဖုန်းအနေနဲ့ တစ်ခြားအန်းဒရိုက်ဖုန်းကုမ္ပဏီတွေထက် နောက်ကျပြီးမှ မိတ်ဆက်ဖြစ်တာဆိုပေမယ့် Nokia 8.3 5G ဟာ ကမ္ဘာတစ်ဝှမ်းမှာ လက်ရှိသုံးနေတဲ့ 5G ကွန်ရက်တွေနဲ့ နောက်လာမယ့် 5G ကွန်ရက်တွေနဲ့ပါ ချိတ်ဆက်သုံးနိုင်တဲ့ ဖုန်း ဖြစ်ပါတယ်။ 5G band လှိုင်းနှုန်း ပိုစုံစုံလင်လင် ထောက်ပံ့နိုင်တာကြောင့် 5G Roaming ကိုလည်း ပြိုင်ဘက် 5G ဖုန်းတွေထက် နိုင်ငံပိုများများ support ပေးနိုင်မှာပါ။



Nokia 8.3 5G ကို ထုတ်လုပ်တဲ့ HMD ကတော့ ဒီဖုန်းဟာ ပထမဆုံး Global 5G စမတ်ဖုန်းလို့ တင်စားထားပါတယ်။ ‌Nokia 8.3 5G ဟာ ကွန်ရက်ချိတ်ဆက်မှုအပြင် ကင်မရာပိုင်းမှာလည်း စွမ်းဆောင်ရည်မြှင့်ထားပါတယ်။ ကျောဘက်မှာ စက်ဝိုင်းပုံ ကင်မရာအုံထဲ 64MP main sensor ၊ 12MP ultra-wide ကင်မရာ ၊ 2MP Macro ကင်မရာန့ 2MP depth sensor ဆိုပြီး ကင်မရာ ၄ လုံး သုံးထားပါတယ်။

ZEISS ရဲ့ Quad camera ထဲက Ultrawide ကင်မရာဟာ Video Recording နဲ့ အလင်းနည်းချိန် ရိုက်ချက်စွမ်းရည်အတွက် အသားပေးဒီဇိုင်းထုတ်ထားတာပါ။ ရုပ်သံရိုက်ကူးမှုမှာ လိုသလိုပိုထိန်းချုပ်လို့ရမယ့် ZEISS Cinematic Effect လည်း ထည့်ပေးထားတဲ့အပြင် OZO audio နဲ့ action cam mode ကလည်း ကင်မရာရိုက်ကူးမှုကို အကောင်းဆုံး ပံ့ပိုးပေးသွားမှာပါ။

Photo: theverge


မျက်နှာပြင် ၆.၈၁ လက်မ အကြီးစား display သုံးထားတဲ့ ဒီဖုန်းဟာ ရောက်နေရာအရပ်က အလင်းအနေအထားအလိုက် အလိုလို ချိန်ညှိပေးနိုင်မယ့် Adaptive display စနစ်နဲ့ လာပါတယ်။ရှေ့ဘက် punch hole ကင်မရာပေါက်ထဲမှာ ZEISS ရဲ့ နည်းပညာ 24MP front-facing ကင်မရာ ပါလာပါတယ်။

Nokia 8.3 5G ဟာ RAM 6GB နဲ့ 8GB နှစ်မျိုး ထွက်ထားပြီး stock Android သုံးထားပါတယ်။ storage ဟာ 64GB/128GB တွေ ထွက်ထားပြီး microSD slot ကနေ ထပ်တိုးနိုင်မယ်လို့ ဆိုပါတယ်။ အရောင်အနေနဲ့ Polar Night ကာလာတစ်ရောင်တည်း ထွက်ထားပြီး ၅၉၉ ယူရို (မြန်မာငွေ ၉ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က