triple lens စနစ် သုံးထားတဲ့ mid-range ဖုန်းပါ

notchless ဖုန်းတွေဖြစ်ဖို့ဆယ်လ်ဖီကင်မရာပေါက်စတိုင် သုံးလာကြချိန်မှာ Nokia ကလည်း ဒီဆန်းသစ်မှုကို လက်ခံလာပြီ ဖြစ်ပါတယ်။

         ထိုင်ဝမ်ဈေးကွက်မှာ စတင်ကြေညာလိုက်တဲ့ Nokia X71 ဟာ Nokia စီးရီးထဲမှာ ပထမဆုံး punch hole ဒီဇိုင်းသုံးလာတဲ့ ဖုန်းအနေနဲ့ထွက်လာတာပါ။ punch hole ကြောင့် Nokia X71 ဟာ မှန်ပြင်ပြည့်ဒီဇိုင်းဖြစ်လာပြီး အရင် Nokia ဖုန်းတွေထက် ဒီဇိုင်းပိုင်း ဆွဲဆောင်မှုအားကောင်းလာတာတော့ ငြင်းမရပါဘူး။ နောက်တစ်ခုကလည်း တရုတ်ဈေးကွက် အပြင်ဘက်မှာ ပထမဆုံး X-series အနေနဲ့မိတ်ဆက်လာတာလည်း ဖြစ်ပါတယ်။

         mid-ranger အနေနဲ့ဈေးကွက်ထဲ ရောက်လာတဲ့ ဒီဖုန်းဟာ မျက်နှာပြင် ၆.၃၉ လက်မ FullHD+ display နဲ့လာပြီး ဆယ်လ်ဖီကင်မရာပေါက်ကြောင့် screen to body ratio ဟာ ၉၃% အထိ ရှိလာပါတယ်။ Nokia ဖုန်းတွေထဲမှာ မှန်ပြင်နေရာယူမှု အမြင့်ဆုံး ဖုန်းလို့ပြောနိုင်ပါတယ်။ အလတ်တန်းစား ဖုန်းတစ်လုံးအနေနဲ့သုံးထားတဲ့ Snapdragon 660 SoC ၊ RAM 6GB/128GB storage ဆိုတဲ့ အချက်အလက်တွေက အားရစရာကောင်းပါတယ်။

         နောက်ထပ် ထူးခြားတာက ကျောဘက်မှာ ကင်မရာ ၃ လုံး သုံးလာတာပါပဲ။ Nokia X71 နဲ့အတူ ထွက်လာခဲ့တဲ့ Nokia 9 PureView မှာလည်း penta lens လို့ခေါ်တဲ့ ကင်မရာ ၅ လုံးတွဲစနစ်ကို ကမ္ဘာပေါ်မှာ ပထမဆုံး သုံးလာတာ ဖြစ်လို့HMD Global အနေနဲ့ Nokia brand တွေကို ကင်မရာပိုင်း ဦးစားပေးလာပြီလို့ဆိုရမှာပါ။ သုံးထားတဲ့ ကင်မရာအစိတ်အပိုင်းတွေကတော့ Carl Zeiss ရဲ့ lens တွေ ဖြစ်ပါတယ်။



         ကျောဘက်မှာ 48MP ကင်မရာကို အထိုင်ထားပြီး ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် 8MP wide lens နဲ့5MP depth sensor ဆိုပြီး ကင်မရာ သုံးလုံး သုံးထားပါတယ်။ fingerprint scanner ကို ကျောဘက်မှာ တပ်ဆင်ထားပြီး ပါဝါခလုတ်ထဲမှာ LED noti မီးလေး ထည့်ပေးထားပါတယ်။ ရှေ့ကင်မရာကတော့ 16MP ဆယ်လ်ဖီကင်မရာ ဖြစ်ပြီး အသံအနေနဲ့OZO Audio နည်းပညာ ပါဝင်လာပါတယ်။

         Nokia X71 ဟာ 18W fast charging စနစ်ပါတဲ့ 3500 mAh ဘက်ထရီသုံးထားပြီး USB Type C port ကနေ အားသွင်းနိုင်မှာပါ။ ဒီဖုန်းဟာ Android One ဖုန်းတွေထဲမှာ ပါပြီး Android 9.0 Pie စနစ်သုံးထားပါတယ်။ နိုင်ငံတကာဈေးကွက်ထဲ ဖြန့်ချိမယ့် နေ့ရက်မသိရသေးမယ့် ထိုင်ဝမ်မှာ ဒီဖုန်းကို ထိုင်ဝမ်ဒေါ်လာ ၁၁၉၀၀ (မြန်မာငွေ ၅ သိန်း ၈ သောင်းခွဲခန့်) ဈေးနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က