processor သစ် သုံးလာပါတယ်။

upper mid-ranger တွေ ဖြစ်တဲ့ Huawei Nova series တွေဟာ အခုဆို Nova 5 အဖြစ် ထွက်လာပြီ ဖြစ်ပါတယ်။

         မကြာသေးခင်က Honor 20 ဖုန်းသစ်တွေ ဈေးကွက်မှာ မိတ်ဆက်ပြီးနောက် Nova 5 ၊ Nova 5 Pro နဲ့ထူးထူးခြားခြား Nova 5i ဆိုပြီး ဖုန်းသစ် ၃ မျိုးကို ကြေညာလိုက်တာပါ။ ဒီဖုန်း ၃ မျိုးမှာ Nova 5 နဲ့Nova 5 Pro တို့ဟာ flagship မော်ဒယ်တွေအဖြစ် ထွက်လာတာ ဖြစ်ပြီး Nova 5e ကတော့ mid-ranger အနေနဲ့မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။



Photo: The Verge

         Nova 5 နဲ့Nova 5 Pro ဟာ hardware specs ပိုင်းမှာ အတော်လေး ဆင်ပြီး ဖုန်းနှစ်မျိုးစလုံးဟာ ၆.၃၉ လက်မ OLED Full HD+ display နဲ့လာပါတယ်။ waterdrop notch ကို သုံးထားပြီး ဒီ notch ထဲမှာ 32MP ဆယ်လ်ဖီကင်မရာ ထည့်ထားပါတယ်။ မှန်ပြင်အောက်မှာ in-display လက်ဗွေစနစ် ပါပြီး ကျောဘက် သုံးထားတဲ့ processor ချင်းလည်း တူပါတယ်။

         Huawei Nova 5 နဲ့Nova 5 Pro တို့ဟာ ကျောဘက်ကင်မရာ ၄ လုံး သုံးထားတာ ဖြစ်ပြီး Sony ထုတ် 48MP ကင်မရာ ၊ 16MP ultra-wide angle lens ၊ 2MP depth sensor နဲ့2MP macro lens တို့ကို ထောင်လိုက် တပ်ဆင်ထားတာပါ။ Android 9 Pie အခြေခံထားပြီး EMUI 9 နဲ့လာတဲ့ ဒီဖုန်းတွေဟာ 3500 mAh ဘက်ထရီနဲ့အတူ 40W fast charging အားသွင်းစနစ် ပံ့ပိုးပေးထားပါတယ်။

         processor မှာတော့ Nova 5 Pro ဟာ Huawei ရဲ့ flagship SoC ဖြစ်တဲ့ Kirin 980 processor သုံးထားပါတယ်။ Nova 5 ဟာ ဈေးပိုသက်သာတဲ့ Kirin 810 processor သစ်ကို သုံးထားပါတယ်။ ဒီ processor ရဲ့ ထူးခြားချက်ကတော့ Kirin 980 SoC လိုပဲ 7nm နည်းပညာနဲ့ထုတ်ထားတာပါ။ ဖုန်းနှစ်မျိုးစလုံးမှာ Gaming Performance ကောင်းကောင်း ထွက်စေဖို့GPU Turbo နည်းပညာ သုံးထားပါတယ်။

         Nova 5 Pro ဟာ RAM 8GB ကိုမှ storage အနေနဲ့128GB နဲ့256GB ဆိုပြီး နှစ်မျိုး ပါဝင်ပါတယ်။ Pro မော်ဒယ်ရဲ့ အနိမ့်ဆုံးဗားရှင်းကို ၂၉၉၉ ယွမ် ( မြန်မာငွေ ၆ သိန်း ၆ သောင်းခန့်) နဲ့အမြင့်မော်ဒယ်ကို ၃၃၉၉ ယွမ် ( မြန်မာငွေ ၇ သိန်းခွဲခန့်) ဈေးနဲ့ရောင်းချသွားမှာပါ။ Nova 5 မှာတော့ RAM 8GB/128GB storage တစ်မျိုးတည်း ထွက်ထားပြီး ဈေးနှုန်းကတော့ ၂၉၉၉ ယွမ် ( မြန်မာငွေ ၆ သိန်း ၆ သောင်းခန့်) သတ်မှတ်ထားပါတယ်။

Photo: The Verge

         ဈေးအနည်းဆုံး မော်ဒယ်ဖြစ်တဲ့ Nova 5i ဟာ punch hole ကင်မရာပေါက်နဲ့လာပြီး ရှေ့ဘက်မှာ 24MP ကင်မရာနဲ့ကျောဘက်မှာ fingerprint scanner သုံးလာပါတယ်။ မျက်နှာပြင် ၆.၄ လက်မ LCD screen ပါတဲ့ Nova 5i ဟာ Kirin 710 processor နဲ့လာပြီး RAM 6GB/128GB storage သုံးထားပါတယ်။ ဒီဖုန်းမှာလည်း 24MP primary ကင်မရာ ၊ 8MP ultra-wide ၊ 2MP macro lens နဲ့2MP depth sensor ကျောဘက်ကင်မရာ ၄ လုံး ပါဝင်ပါတယ်။

         Nova 5i ဟာ 10W charging ပါတဲ့ 4000 mAh ဘက်ထရီသုံးထားပြီး RAM 6GB / 128GB storage နဲ့RAM 8GB/128GB မော်ဒယ်နှစ်မျိုး ထွက်ထားပါတယ်။ RAM 6GB မော်ဒယ်ကို ၁၉၉၉ ယွမ် ( မြန်မာငွေ ၄ သိန်းခွဲခန့်) နဲ့RAM 8GB မော်ဒယ်ကို ၂၁၉၉ ယွမ် ( မြန်မာငွေ ၄ သိန်း ၈ သောင်းခွဲခန့်) ဈေးနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က