စမတ်ဖုန်းကုမ္ပဏီကြီးတွေ နေရာပြောင်းလဲခဲ့ပါတယ်
Nyein Min Wai

 ၂၀၁၉ ထဲ ပီပီပြင်ပြင်ကူးပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ ၂၀၁၈ ကတော့ မှတ်တမ်းမှတ်ရာအဖြစ် ပြောစရာကျန်နေခဲ့ပါတယ်။

         ၂၀၁၈ ခုနှစ်ထဲမှာ ထူးခြားတဲ့ နည်းပညာအပြောင်းအလဲတွေ ၊ အိုင်တီထိပ်သီး ခေါင်းဆောင်အတက်အကျ ၊ နည်းပညာဈေးကွက် လှုပ်ခတ်မှု မျိုးစုံ ကြုံတွေ့ခဲ့သလို နည်းပညာအသစ်အဆန်းတွေ လည်း ပေါ်ထွက်လာခဲ့ပါတယ်။



(၁) ၁.၄၈ ဘီလျံ

Photo: Buzzmic

         ဒါကတော့ ကမ္ဘာအရပ်ရပ်က စမတ်ဖုန်းကုမ္ပဏီတွေအားလုံးရဲ့ တစ်နှစ်တာ စမတ်ဖုန်းရောင်းအားပါ။ မှတ်သားစရာက ၂၀၁၈ ဒုတိယသုံးလပတ်ကစပြီး Huawei ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာ ရောက်လာခဲ့ပြီး Apple ရဲ့ iPhone ရောင်းအားတွေ ကျဆင်းလာတာ ဖြစ်ပါတယ်။

         Huawei ဟာ အမေရိကန်အစိုးရရဲ့ ဖိအားပေးမှုနဲ့ဈေးကွက်မှာ အကြပ်ဆိုက်နေပေမယ့် တစ်နှစ်လုံးစမတ်ဖုန်းရောင်းအား သန်း ၂၀၀ ကျော်သွားတာပါ။

(၂) သန်း ၃၀၀


         တစ်နေ့ကို Facebook ပေါ်မှာ ဓါတ်ပုံတင်တဲ့ ပမာဏဖြစ်ပါတယ်။


(၃) ဒေါ်လာ ၂၄၃၀


Photo: digitaltrends

         Huawei Mate 20 အထူးမော်ဒယ်ဖြစ်တဲ့ Porsche Design Mate RS ရဲ့ ဈေးနှုန်းပါ။ luxury brand ဖြစ်လို့ဈေးက ဒီလောက် ခေါင်ခိုက်တာ ဖြစ်ပြီး iPhone XS Max ထက် ဈေးအပြတ်အသတ်သာပါတယ်။

(၄) ဒေါ်လာ ၃၀၀

         Xiaomi ဖုန်းသစ်ဖြစ်တဲ့ Pocophone F1 ရဲ့ ဈေးပါ။ ၂၀၁၈ အမြင့်ဆုံး processor ဖြစ်တဲ့ Snapdragon 845 chipset နဲ့လာပြီး ဂိမ်းကစားသူများအတွက် အအေးပေးစနစ်ဖြစ်တဲ့ LiquidCool technology ပါရှိတဲ့ မော်ဒယ်သစ်ဖြစ်ပါတယ်။

(၅) ၁၉%

         Samsung ရဲ့ တတိယသုံးလပတ် ကမ္ဘာ့စမတ်ဖုန်းဝေစုပါ။ Counterpoint Research စစ်တမ်းကတော့ Samsung ဟာ နှစ်စဉ် စမတ်ဖုန်းတင်ပို့မှု ၁၃% ကျဆင်းလာနေတယ်လို့ဆိုပါတယ်။

         ဒုတိယအကြီးဆုံး စမတ်ဖုန်းနေရာရောက်လာတဲ့ Huawei ကတော့ အရင်နှစ်ကာလတူကထက် ၁၀% ပိုတက်လာပြီး ဈေးကွက်ဝေစု ၁၃% ရရှိလာနေပါတယ်။

(၆) ၃၆ ရက်

Photo: Android Authority

         တစ်နှစ်လုံးမှာ လူတွေ ဖုန်းသုံးတဲ့ ပျမ်းမျှ အချိန်ကာလ ဖြစ်ပါတယ်။ eMarketer အစီရင်ခံစာအရ အရွယ်ရောက်ပြီး အမေရိကန်တွေဟာ တစ်နေ့ကို ပျမ်းမျှ ၂ နာရီ ၂၃ မိနစ်ကြာအောင် ဖုန်းသုံးတယ်လို့ဆိုပါတယ်။ တစ်နှစ်လုံးအတွက် ၅၂၃၅၂ မိနစ် ၊ ၈၇၂.၅၃ နာရီ (တစ်နည်း) ၃၆.၄ ရက် ဖြစ်ပါတယ်။ တစ်ချို့သူတွေကတော့ ဒီထက်မက သုံးဖြစ်မှာပါ

(၇) ၄.၃ ဘီလျံ ယူရို

         Google ကို EU ကနေ ဒဏ်ရိုက်လိုက်တဲ့ ငွေပမာဏပါ။ Android OS သုံးပြီး ဈေးကွက်မှာ ပြိုင်ဆိုင်မှုဥပဒေကို ချိုးဖောက်ကြောင်း ထင်ရှားလို့ပါ။

(၈) ၇၈.၃ သန်း

         လစဉ် Fortnite ဂိမ်းကစားသူ ဦးရေပါ။ Epic Games ကနေ ရေးဆွဲလိုက်တဲ့ ဒီဂိမ်းကို အန်းဒရိုက် ၊ iOS ၊ PC ၊ Xbox One ၊ PS4 စသည်ဖြင့် ပလက်ဖောင်းအစုံမှာ ကစားနိုင်ပြီ ဖြစ်ပါတယ်။ ဒီဂိမ်းကြောင့် Epic Games လည်း ဒေါ်လာ ၃ ဘီလျံ မြတ်ခဲ့တယ်လို့ဆိုပါတယ်။

(၉) ၈၇ သန်း

Photo: Variety

         ၂၀၁၈ ဧပြီလထဲမှာ Cambridge Analytica ကြောင့် Facebook သုံးစွဲသူ ၈၇ သန်းကျော် အချက်အလက်ပေါက်ကြားခဲ့မှုပါ။ Cambridge Analytica ဟာ Your digital life ဆိုတဲ့ quizz app ကနေ လူတွေရဲ့ အချက်အလက်တွေ ရယူပြီး ၂၀၁၆ ကန် သမ္မတရွေးကောက်ပွဲကာလအတွင်း ဒေါ်နယ်ထရမ့်သမ္မတဖြစ်ရေးမှာ အသုံးချခဲ့တာ ဖြစ်ပါတယ်။

           ဒီအဖြစ်အပြင် အောက်တိုဘာလထဲမှာ Facebook အကောင့် သန်း ၃၀ နီးပါးရဲ့ အချက်အလက် ပေါက်ကြားမှုနဲ့ဒီဇင်ဘာလက သုံးစွဲသူ ၇ သန်းနီးပါးရဲ့ private photos တွေ ပေါက်ကြားနိုင်တဲ့ bug လည်း တွေ့ရှိခဲ့ပါတယ်။ ဒီအဖြစ်ကြောင့် facebook ရဲ့ CEO မတ်ခ်ဇူကာဘတ်ကို လွှတ်တော်နှစ်ရပ်မှ ဆင့်ခေါ်ခဲ့သလို ရင်းနှီးမြှပ်နှံသူတွေကလည်း သူ့ကို ရာထူးက ဆင်းပေးဖို့ဖိအားပေးခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က