punch-hole ဒီဇိုင်းနဲ့ မိတ်ဆက်ထားတာပါ

mid-ranger စီးရီး Vivo S1 ရဲ့ နောက်မျိုးဆက် စမတ်ဖုန်းသစ် Vivo S5 ကတော့ punch hole display ၊ ဆန်းပြားတဲ့ ကင်မရာပုံစံသစ်နဲ့ ထွက်ရှိလာပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမှာ မိတ်ဆက်လိုက်တဲ့ Vivo S5 ဟာ ဒီဇိုင်းပိုင်း ဆန်းသစ်မှုကို ပိုပြီး ဦးစားပေးလာပါတယ်။ dispaly ဟာ Galaxy S10 စမတ်ဖုန်းတွေမှာလိုမျိုး punch hole display သုံးထားပြီး မျက်နှာပြင် အရွယ်အစားဟာ ၆.၄၄ လက်မ ဖြစ်ပါတယ်။ OLED display ဖြစ်ပြီး မှန်ပြင်အောက် လက်ဗွေစနစ် ပါရှိပါတယ်။

Photo: Digit.in

မှန်ပြင်နဲ့ ကိုယ်ထည်အချိုးအစားဟာ ၉၁.၃၈% ရှိထားပြီး display ဟာ ဂျာမန်ကုမ္ပဏီ TUV Rhineland ရဲ့ မျက်စိအတွက် ဘေးကင်းတဲ့ display ဖြစ်ကြောင်း ထောက်ခံချက် ရထားပါတယ်။ ပေါက်ကြားခဲ့တဲ့ သတင်းတွေအတိုင်း ကျောဘက် ကင်မရာတွေဟာ စိန်ကွက်ပုံစံ ဖွဲ့စည်းမှုနဲ့ လာပြီး ကျောဘက် ကင်မရာ စုစုပေါင်း ၄ လုံး ပါရှိထားတာပါ။

diamond ပုံစံကွက်ထဲမှာ LED flashနဲ့အတူ 48MP main ကင်မရာ ၊ 8MP ultrawide နဲ့ 2MP macro ကင်မရာတွေ ပါပြီး အောက်နားကပ်လျက်မှာ 5MP depth sensor ထည့်ပေးထားပါတယ်။ Vivo S5 ရဲ့ ကင်မရာတွေဟာ super beauty algorithm နဲ့ လာတဲ့အပြင် ဓါတ်ပုံရိုက်ချိန်မှာ ကိုယ်ဟန်အနေအထား ပြုပြင်ပေးမယ့် feature တစ်ခု ပါရှိပါတယ်။ ဒီ feature ထဲမှာတော့ ကင်မရာရှေ့မှာ pose ပေးမှုကို ပိုကောင်းစေအောင် ကူညီပေးမယ့် pose correction ပုံစံ ၁၄၄ ခု ထည့်ပေးထားပါတယ်။

Photo: Gadgets.NDTV


ရှေ့ display အပေါ်ညာဘက်ထောင့် punch-hole ထဲမှာ 32MP ဆယ်လ်ဖီကင်မရာ ထည့်သွင်းထားပါတယ်။ ဘက်ထရီပါဝါဟာ 4100 mAh ဖြစ်ပြီး 22.5W fast charging စနစ် ပံ့ပိုးထားပါတယ်။ upper mid-range ဖုန်းတစ်လုံးနဲ့ လိုက်ဖက်တဲ့ Snapdragon 710 SoC နဲ့အတူ RAM 8GB ၊ 128GB/256GB storage တွေ သုံးထားပါတယ်။

Android 9 Pie ကို အခြေခံထားတဲ့ Funtouch OS 9.2 စနစ်နဲ့ လာပြီး Icelandic Blue ၊ Phantom Blue နဲ့ Star Black ကာလာ ၃ ရောင်နဲ့ ထွက်ထားပါတယ်။ Vivo S5 ရဲ့ 128GB မော်ဒယ်ကို ၂၆၉၈ ယွမ် ( မြန်မာငွေ ၅ သိန်း ၈‌သောင်း) နဲ့ 256GB storage ကို ၂၉၉၈ ယွမ် (မြန်မာငွေ ၆ သိန်းခွဲ) ဈေးနဲ့ ရောင်းချသွားမှာပါ။



က္က