Audio-Visual ခံစားမှုကို အကောင်းဆုံးရရှိစေမှာပါ

Lenovo ဟာ ကင်မရာ ၄ လုံးပါ တန်ဖိုးသင့် high-end တက်ဘလက်သစ်တစ်မျိုး ဈေးကွက်မှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Lenovo Tab P11 Pro ရဲ့ highlight တစ်ခုက ၁၁.၅ လက်မ OLED display သုံးထားပြီး 2560 x 1600p ပါရှိပြီး အမြင့်ဆုံး Auto Brightness အနေနဲ့ 500nits အထိ ပေးထားတယ်လို့ ဆိုပါတယ်။ ၆.၉မီလီမီတာ bezel နဲ့ လာပြီး မှန်ပြင်-ကိုယ်ထည်အချိုး ၈၇% ရှိပါတယ်။



အရုပ်/အသံ Audio-Visual ခံစားမှုကို အမြင့်ဆုံး ဖြစ်စေဖို့ HDR10 နဲ့ Dolby Vision support ပေးထားပါတယ်။ Lenovo Tab P11 Pro ဟာ ရှေ့ခြမ်းမှာ JBL စပီကာ ၄ လုံး တပ်ဆင်ထားပြီး ရုပ်ရှင်ရုံတွေမှာ သုံးတဲ့ ပတ်ပတ်လည်အသံစနစ်အတွက် Dolby Atmos စနစ် ထည့်သွင်းထားပါတယ်။

Photo: candid.technology


ဘေးဘောင်ပါဝါခလုတ်ထဲမှာ လက်ဗွေလုံခြုံရေးစနစ် ထည့်ထားသလို ရှေ့ ဘက် dual front ကင်မရာတွေကနေလည်း Face Unlcok စနစ်သုံးနိုင်မှာပါ။ ရှေ့ဘက် ဆယ်လ်ဖီကင်မရာ 8MP sensor နှစ်လုံးဟာ ဖုန်းဘေးဘောင်မှာ သုံးထားပြီး Landscape mode သုံးရင်းနားနဲ့ Video Call ခေါ်ဆိုနိုင်မှာပါ။ 

ဒီကင်မရာတွေဟာ နောက်ခံ Background ကို Blur လုပ်ပေးနိုင်တာ ဖြစ်လို့ Video Meeting ထိုင်ချိန်မှာလည်း ပိုပြီး အဆင်ပြေမှာပါ။ ကျောဘက်မှာ 13MP main sensor နဲ့ 5MP ultra-wide lens နှစ်လုံးတွဲကင်မရာစနစ် တပ်ဆင်ထားတာကြောင့် စုစုပေါင်း ကင်မရာ ၄ လုံး သုံးသွားတာ ဖြစ်ပါတယ်။

Lenovo Tab P11 Pro ဟာ 8600 mAh အကြီးစား ဘက်ထရီနဲ့လာပြီး ပုံမှန်အတိုင်းဆိုရင် ၁၅ နာရီအထိ အသုံးခံနိုင်မယ်လို့ ဆိုပါတယ်။ ဒီတက်ဘလက်ဟာ Google Pixel 4a မှာလိုမျိုး Snapdragon 730G chipset သုံးထားပြီး RAM 4GB ၊ 6GB နှစ်မျိုးနဲ့ လာပါတယ်။ storage အနေနဲ့ 128GB ပါရှိပြီး microSD card slot ကနေ storage ထပ်မြှင့်နိုင်မှာပါ။


Photo: The Verge

Lenovo ဟာ touch pad နဲ့ keyboard add-on ချိတ်ဆက်နိုင်အောင် လုပ်ထားပြီး kick stand တစ်ခုလည်း ပေးထားပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတာက နာမည်ကြီး Apple iPad Pro နဲ့ Galaxy Tab S7+ တို့လိုမျိုး Lenovo Precision Pen 2 Stylus တစ်ချောင်းလည်း ထည့်သွင်းထားပါတယ်။

Android 10 နဲ့ လာတဲ့ Lenovo Tab P11 Pro ကို လာမယ့်နိုဝင်ဘာလထဲ ဥရောပ ၊ အာရှနဲ့ အရှေ့အလယ်ပိုင်းဈေးကွက်တွေမှာ ဖြန့်ချိသွားမှာပါ။ အမေရိကန်ဈေးကွက်မှာတော့ keyboard pack ၊ folio case ၊ smart charging station နဲ့ stylus မပါ ဒေါ်လာ ၅၀၀ (မြန်မာငွေ ၆ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က