မလေးရှားမှာ မိတ်ဆက်သွားတာပါ

ဒီတစ်ပတ်ထဲ မိတ်ဆက်သွားတဲ့ Vivo V20 စီးရီးရဲ့ SE ဗားရှင်းဖြစ်တဲ့ Vivo V20 SE ကို မလေးရှားမှာ မိတ်ဆက်သွားပါတယ်။

Vivo Vv20 SE မှာတော့ waterdrop notch ဒီဇိုင်းနဲ့ လာပြီး ကျောဘက်ထောင်လိုက်စတုဂံကင်မရာ Module ပါရှိပါတယ်။ Screen Size အနေနဲ့ ၆.၄၄ လက်မ ဖြစ်ပြီး FHD+ AMOLED display သုံးထားတာ ဖြစ်ပါတယ်။ fingerprint scanner ဟာ မှန်ပြင်အောက် ထည့်သွင်းထားတဲ့ in-display အမျိုးအစား သုံးထားတာပါ။



Photo: GSMArena

ကိုယ်ထည်ဟာ 20:9 ratio သုံးထားပြီး screen နေရာယူမှုဟာ ၉၀.၁၂% ရှိတယ်လို့ ဆိုပါတယ်။ display ကိုတော့ အစင်းခြစ်ဒဏ်ခံနိုင်မယ့် Gorilla Glass 3 မှန်အုပ်ထားပါတယ်။ waterdrop notch ထဲမှာ 32MP Selfie ကင်မရာ သုံးထားပြီး ကျောဘက် စတုဂံကင်မရာကွက်ထဲမှာ သုံးလုံးတွဲကင်မရာ ဖြစ်တဲ့ 48MP main sensor ၊ 8MP ultrawide lens နဲ့ 2MP depth sensor တို့ ပါရှိပါတယ်။

processor အနေနဲ့ Snapdragon 665 SoC ၊ RAM 8GB/128GB storage သုံးထားပြီး microSD card ကနေ storage ကို ထပ်တိုးနိုင်မှာပါ။ ဘက်ထရီပါဝါ 4100 mAh ဖြစ်ပြီး 33W wired fast charging နဲ့ လာပါတယ်။ Vivo ကတော့ ဒီ fast charging ဟာ ၃၀ မိနစ်အားသွင်းတာနဲ့ ၆၂% အထိ အားဝင်မယ်လို့ ဆိုပါတယ်။

Android 10 ကို အခြေခံထားတဲ့ FuntouchOS 11 နဲ့ လာပြီး အနက်နဲ့ အဖြူ ‌ရောင်ပြေးကာလာ ၂ မျိုးနဲ့ ထွက်ထားပါတယ်။ ရင်းဂစ် ၁၁၉၉ (မြန်မာငွေ ၃ သိန်း ၇ သောင်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က