Dual display သုံးထားပါတယ်
Nyein Min Wai

TicWatch နဲ့ TicPods ထုတ်ကုန်တွေ ထုတ်လုပ်နေတဲ့ Mobvoi ကုမ္ပဏီဟာ Snapdragon Wear 4100 ပလက်ဖောင်းကို ပထမဆုံးသုံးလာတဲ့ စမတ်နာရီသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။

TicWatch Pro 3 GPS ဟာ Dual-Layer Display သုံးလာတဲ့ စမတ်နာရီဖြစ်ပါတယ်။ ပင်မ main AMOLED screen ပိတ်ထားချိန်မှာ ပါဝါနိမ့် TN Screen ပွင့်လာမှာ ဖြစ်ပြီး အချိန် ၊ နေ့ရက်နာရီ နဲ့ ခြေလှမ်းအရေအတွက် အပါအဝင် အခြေခံသတင်းအချက်အလက်တွေ ဖော်ပြနေမှာပါ။

Photo: GSMArena


ဒီနာရီသစ်မှာ ဘက်ထရီပါဝါကို ၄၀% ပိုတိုးထားပြီး ၂၀၁၈ ထွက် ဗားရှင်းထက် ၂၈% ပိုပေါ့ပါးတယ်လို့ ဆိုပါတယ်။ Mobvoi ရဲ့ အဆိုအရ 577mAh ဘက်ထရီဟာ Smart Mode မှာ ၇၂ နာရီအထိ အသုံးခံသလို low-power display သုံးသွားမယ့် Enhanced Essential Mode ဆို ၄၅ အထိ သုံးနိုင်မယ်လို့ ဆိုပါတယ်။

ဒိုင်ခွက်ဟာ ၁.၄ လက်မ AMOLED screen ဖြစ်ပြီး RAM 1GB/ROM 8GB ပါရှိပါတယ်။ IP68 rating ရေစိုခံနိုင်လို့ ရေကူးနေချိန်မှာပါ ဒီနာရီကို ပတ်ထားလို့ ရမှာ ဖြစ်ပါတယ်။ microphone တစ်ခုလည်း built-in ပါရှိပြီး အသံကို ၃၀ ကနေ ၁၂၀ ဒက်စီဘယ်အထိ ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။ 

Photo: Slash Gear


TicWatch Pro 3 GPS မှာ TicOxygen ၊ TicZen ၊ TicBreathe နဲ့ TicHearing ဆိုတဲ့ လုပ်ဆောင်ချက်သစ်တွေ ပါလာပါတယ်။ ဒီ features တွေသုံးပြီး သွေးတွင်းအောက်ဆီဂျင်ပျော်ဝင်မှုနဲ့ စိတ်ဖိစီးမှုအခြေအနေတွေ စောင့်ကြည့်နိုင်သလို စိတ်ငြိမ်းအေး သက်သာဖို့နဲ့ နှလုံးခုန်နှုန်း ပြေလျော့အောင် ကူညီပေးနိုင်မှာပါ။ 

Watch Face အမျိုးအစား ရာနဲ့ချီ ရွေးချယ်နိုင်ပြီး Google Pay နဲ့ ငွေချေနိုင်စေဖို့ NFC support လည်း ပေးထားပါတယ်။ Mobvoi ဟာ အားကစားလုပ်ချိန် စောင့်ကြည့်ပေးနိုင်မယ့် workout modes ၁၃ မျိုး ပါရှိပြီး အမေရိကန်နဲ့ တစ်ခြားဈေးကွက်တွေမှာ ဒေါ်လာ ၃၀၀ (မြန်မာငွေ ၄ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က