budget ဖုန်းတွေထဲက အကြိုက်တွေ့မယ့်ဖုန်းသစ်တစ်လုံးပါ

တန်ဖိုးနည်းဖုန်းကုမ္ပဏီ Tecno ကနေ အကြီးစား display ၊ ကျောဘက် Circular ကင်မရာဒီဇိုင်းနဲ့ ဘက်ဂျက်ဖုန်းသစ်တစ်မျိုးကို ကြေညာလိုက်ပါတယ်။

Tecno Spark 6 ဟာ အရင်ထွက်ထားတဲ့ Spark 5 ကို အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။ Spark 6 မှာလည်း HD+ display သုံးထားပေမယ့် ပိုကြီးတဲ့ ၆.၈ လက်မ screen နဲ့ လာတာ ဖြစ်ပါတယ်။ ရှေ့ခြမ်းမှာ Tecno Spark 5 အတိုင်း ဘယ်အပေါ်ထောင့်မှာ punch-hole ဆယ်လ်ဖီကင်မရီ သုံးထားပြီး ကျောဘက်မှာ စက်ဝိုင်းပုံစံ လေးလုံးတွဲကင်မရာဒီဇိုင်းကို ပြောင်းထားပါတယ်။



Photo: GSMArena


punch-hole ထဲမှာ 8MP ဆယ်လ်ဖီကင်မရာ သုံးထားတာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာ စနစ်ကိုလည်း 16MP primary lens အဖြစ် အဆင့်မြှင့်ထားပါတယ်။ စက်ဝိုင်းပုံကင်မရာဒီဇိုင်းထဲမှာ 16MP main sensor နဲ့အတူ macro ၊ depth နဲ့ AI Scenes အတွက် 2MP shooters တွေ ထည့်ထားတာ ဖြစ်ပါတယ်။

စက်ဝိုင်းပုံကျောဘက်ကင်မရာကွက်ရဲ့ အောက်မှာ Fingerprint scanner တစ်ခု တပ်ဆင်ထားပါတယ်။ processor အနေနဲ့ MediaTek Helio G70 SoC ဖြစ်ပြီး RAM 4GB/64GB storage နဲ့အတူ microSD card ကနေ storage ထပ်မြှင့်နိုင်မှာပါ။ ဘက်ထရီပါဝါ 5000mAh အကြီးစားနဲ့အတူ Bluetooth အရင်းအမြစ် ၃ ခုအထိ တစ်ပြိုင်နက်တည်း ချိတ်ဆက်နိုင်မယ့် Bluetooth Audio Share နဲ့ လာပါတယ်။

Android 10 ကို အခြေခံထားတဲ့ HiOS 7.0 သုံးထားပြီး အနက် ၊ အပြာ ၊ ခရမ်းနဲ့ လိမ္မော် ကာလာ ၄ ရောင်နဲ့ လာပါတယ်။ ပါကစ္စတန်ဈေးကွက်မှာ ဒီဖုန်းကို ပါကစ္စတန်ရူပီး ၂၀၅၉၉ (မြန်မာငွေ ၁ သိန်း ၆ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က