mid-range စီးရီး P Smart ဖုန်းသစ်ပါ

Huawei ရဲ့ ပထမဆုံး မှန်ပြင်အပေါ်အလယ်တည့်တည့် punch-hole ကင်မရာပေါက် ပါလာတဲ့ဖုန်း ထွက်လာပါတယ်။


Huawei P Smart 2021 ဟာ ဥရောပဈေးကွက်တွေ ဖြစ်တဲ့ ဩစတြေးလျ ၊ ခရိုအေးရှား ၊ အက်စ်တိုးနီးယားနဲ့ ဆလိုဗေးနီးယားတို့လို ဈေးကွက်တွေထဲ ဝင်ရောက်မယ့် ဖုန်းပါ။ ဒီနှစ် ဧပြီလထဲ တရားဝင်ဖြန့်ချိခဲ့တဲ့ Huawei P Smart 2020 ရဲ့နောက်မျိုးဆက် ဖုန်းလည်း ဖြစ်ပါတယ်။ 



Photo: Tek Deeps


ဒီဇိုင်းပိုင်းမှာ ဖက်ရှင်ကျတဲ့ ခေတ်မီဒီဇိုင်းနဲ့လာပြီး ဖုန်းမှန်ပြင်အပေါ်ဘက် အလယ်ခေါင်မှာ punch-hole ကင်မရာပေါက်ပါရှိပါတယ်။ မျက်နှာပြင် ၆.၆၇ လက်မ IPS LCD screen ဟာ FHD+ ရုပ်ထွက် သုံးထားပြီး ကျောဘက်ထောင်လိုက်စတုဂံပုံစံ လေးလုံးတွဲကင်မရာစနစ် နဲ့ ထွက်လာပါတယ်။

Kirin 710A chipset နဲ့ အတူ RAM 4GB ၊ internal storage 128GB ပါရှိပြီး storage ထပ်တိုးဖို့အတွက် microSD Card slot တစ်ခုလည်း ထည့်ပေးထားပါတယ်။ ဘက်ထရီပါဝါ 5000mAh ဖြစ်ပြီး 22.5W SuperCharge fast charging ပံ့ပိုးထားပါတယ်။ fingerprint scanner ကို ဖုန်းဘေးဘောင် ပါဝါခလုတ်မှာ ထည့်သွင်းထားတာပါ။

punch-hole ထဲမှာ f/2.0 အပါချာပါတဲ့ 8MP selfie ကင်မရာ ပါရှိပြီး ကျောဘက်ထောင်လိုက် စတုဂံကင်မရာကွက်ထဲမှာ 48MP main sensor ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 8MP ultrawide sensor ၊ 2MP depth sensor နဲ့ 2MP macro lens တို့ သုံးထားပါတယ်။ dual-SIM support ပေးထားပြီး NFC နဲ့ 3.5mm audio jack တို့လည်း ပါရှိပါတယ်။

Photo: Gizmochina


Android 10 OS ကို အခြေခံထားတဲ့ EMUI 10.1 စနစ် သုံးထားပြီး Google apps နဲ့ services တွေ preinstall ထည့်ထားခြင်း မရှိပါဘူး။ P Smart 2021 မှာ Huawei ဟာ Huawei AppGallery နဲ့ Huawei Mobile Services တို့ ထောက်ပံ့ပေးထားပါတယ်။ Midnight Black ၊ Brush Gold နဲ့ Crush Green ကာလာတွေနဲ့ ထွက်ထားပါတယ်။

အောက်တိုဘာလထဲ ဥရောပဈေးကွက်တွေမှာ ဖြန့်ချိသွားမှာ ဖြစ်ပြီး ဩစတြေးလျမှာ ၂၂၉ ယူရို (မြန်မာငွေ ၃ သိန်းခွဲခန့်) ဈေးနဲ့ ရောင်းချထားပါတယ်။ 

Share

Loading Next Article...
က္က