90Hz display နဲ့ ဘတ်ဂျက်ဖုန်းပါ

OPPO ကနေ နောက်ထပ် တန်ဖိုးသင့် A series ဖုန်းသစ်ကို အင်ဒိုနီးရှားဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။

OPPO ဟာ ပြီးခဲ့တဲ့လထဲမှာပဲ 90Hz screen နဲ့ Snapdragon 460 SoC သုံး OPPO A53 ဖုန်းသစ်ကို ကြေညာခဲ့ပါတယ်။ ဒီတစ်ခါ မိတ်ဆက်လိုက်တဲ့ ၂၀၂၀ ဗားရှင်း OPPO A33 ဟာလည်း spec ပိုင်းအရ OPPO A33 နဲ့ အတော်လေး ဆင်တာ တွေ့ရပါတယ်။ OPPO A33 နဲ့ A53 အကြား အဓိက ခြားနားချက်နှစ်ခုက memory အတွဲအစပ်ပိုင်းနဲ့ ကင်မရာ သုံးစွဲမှု ဖြစ်ပါတယ်။



Photo:GSMArena

OPPO A33 မှာလည်း Snapdragon 460 SoC သုံးထားပြီး ၆.၅ လက်မ LCD screen နဲ့ လာပါတယ်။ 720p ရုပ်ထွက်ပါရှိပြီး 90Hz refresh rate ပံ့ပိုးထားတဲ့ တန်ဖိုးနည်းဖုန်းတစ်လုံးပါ။ ရှေ့ဘက်အပေါ်ဘယ်ထောင့်မှာ punch-hole ကင်မရာပေါက်ပါရှိပြီး ကျောဘက်မှာ Fingerprint scanner နဲ့အတူ ထောင်လိုက်စတုဂံကင်မရာကွက် သုံးထားပါတယ်။ 

RAM/storage အနေနဲ့ 3GB/32GB ပဲ သုံးထားပြီး microSD card ပေါက်ကနေ 256GB storage အထိ ထပ်တိုးနိုင်မှာပါ။ OPPO A53 ကတော့ အင်ဒိုနီးရှားဈေးကွက်မှာ RAM 6GB/128GB storage အတွဲနဲ့ ဝင်ထားပါတယ်။ ဆယ်လ်ဖီကင်မရာမှာလည်း OPPO A53 မှာ 16MP သုံးခဲ့ပေမယ့် OPPO A33 ကတော့ 8MP နဲ့ပဲ လာပါတယ်။

ကျောဘက်မှာ သုံးလုံးတွဲကင်မရာစနစ် သုံးထားပြီး ကင်မရာ sensor အနေနဲ့ 13MP + 2MP depth sensor နဲ့ 2MP macro lens တို့ ပါရှိပါတယ်။ ဖုန်းနှစ်လုံးစလုံးဟာ 5000mAh ဘက်ထရီသုံးထားပြီး Android 10 ကို အခြေခံထားတဲ့ ColorOS 7.2 နဲ့ လာပါတယ်။ Mint Green ၊ Midnight Black ကာလာတွေနဲ့ ဝယ်နိုင်မှာ ဖြစ်ပြီး အင်ဒိုနီးရှားရူးပတ် ၂.၂ သန်း (မြန်မာငွေ ၂ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က