OPPO A92s ရဲ့ rebranded ဗားရှင်းပါ
Nyein Min Wai

ပြီးခဲ့တဲ့ ဧပြီလတုန်းက တရုတ်မှာ ကြေညာခဲ့တဲ့ OPPO A92s ဟာ ထိုင်ဝမ်ဈေးကွက်မှာ OPPO Reno4 Z 5G အဖြစ် ဝင်ရောက်လာပါတယ်။

OPPO Reno4 Z 5G ဟာ dual punch hole ဆယ်လ်ဖီကင်မရာ သုံးထားပြီး ကျောဘက်မှာ စတုရန်းကွက်ကင်မရာ Module ပါရှိပါတယ်။ စတုရန်းကင်မရာကွက်ထဲမှာလည်း ထူးထူးခြားခြား ကန့်လန့်ဖြတ်ကင်မရာ Shape သုံးထားတာ ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၅၇ လက်မ IPS LCD display နဲ့ လာပြီး high-end refresh rate ဖြစ်တဲ့ 120Hz screen ပါရှိပါတယ်။

Photo: GSMArena

5G ကွန်ရက် ချိတ်ဆက်မှုပါတဲ့ 7nm MediaTek Dimensity 800 5G chipset နဲ့ လာပြီး Reno4 Z ဟာ 8GB/128GB ဗားရှင်းတစ်မျိုးပဲ ထွက်ထားပါတယ်။ OPPO Reno4 Z မှာ ဘေးဘောင်လက်ဗွေခလုတ်တပ်ဆင်ထားပြီး အရောင်အနေနဲ့ အနက် ၊ အဖြူနှစ်မျိုးပဲ ပါရှိပါတယ်။ ဘက်ထရီပါဝါ 4000mAh ဖြစ်ပြီး 18W charging ပါမှာပါ။

screen ရှေ့ခြမ်း punch-hole ကင်မရာပေါက်ထဲမှာ 16MP main sensor နဲ့ 2MP depth sensor နှစ်လုံးတွဲကင်မရာ သုံးထားပါတယ်။ စတုရန်းကင်မရာကွက်ထဲမှာ လေးလုံးတွဲ Quad Cameras တွေ ဖြစ်တဲ့ 48MP main sensor ၊ 8MP utrawide ၊ 2MP macro နဲ့ 2MP depth sensor တို့ ပါရှိပါတယ်။

Reno4 Z 5G ဟာ Android 10 အခြေခံထားတဲ့ ColorOS 7.1 နဲ့ လာပြီး ‌ဈေးနှုန်းမသိရသေးပါဘူး။ 


Author


က္က