မြန်မာငွေ ၆ သိန်းကျော် ဖုန်းပါ

လေးလုံးတွဲကင်မရာ ၊ mid-range 5G chipset နဲ့ အတူ အလတ်တန်းစား Vivo ဖုန်းသစ်တစ်မျိုးကို ထိုင်ဝမ်ဈေးကွက်ထဲ မိတ်ဆက်သွားပါတယ်။

Vivo X50e ဟာ Vivo X50 ၊ X50 5G ၊ X50 Pro ၊ X50 Pro+ နဲ့ X50 Lite စတဲ့ Vivo X50 lineup ထဲမှာ ဈေးအချိုဆုံး 5G ဖုန်းဖြစ်ပြီး Snapdragon 700 series ထဲက စွမ်းရည်အမြင့်ဆုံး processor ကို သုံးလာတာပါ။ waterdrop notch နဲ့ လာပြီး ကျောဘက်မှာ စိန်ကွက်ပုံစံ လေးလုံးတွဲကင်မရာ cutout နဲ့ ထွက်ထားပါတယ်။




Photo: GSMArena

မျက်နှာပြင် ၆.၄၄ လက်မ S-AMOLED display (1080x2400p) ရုပ်ထွက်နဲ့ လာပြီး မှန်ပြင်အောက် လက်ဗွေစနစ် ပါရှိပါတယ်။ ရှေ့ဘက် waterdrop notch ထဲမှာ 32MP selfie ကင်မရာ သုံးထားပါတယ်။ 4350 mAh ဘက်ထရီ ဖြစ်ပြီး 33W fast-charging ပံ့ပိုးပေးထားပါတယ်။ 

ကျောဘက်မှာ LED flash တစ်လုံးနဲ့အတူ 48MP main sensor ၊ 13MP tele ၊ 8MP ultrawide နဲ့ 2MP macro lens တို့ တပ်ဆင်ထားပါတယ်။ 5G ချိတ်ဆက်မှုပါတဲ့ Snapdragon 765G processor ၊ RAM 8GB / 128GB storage ပါရှိပါတယ်။ microSD card slot လည်း ပံ့ပိုးပေးထားလို့ storage ထပ်မြှင့်နိုင်မှာပါ။

Android 10 OS ကို အခြေခံထားတဲ့ FunTouch OS 10 နဲ့လာပြီး USB-C port ၊ 3.5mm headphone jack နဲ့ NFC support ပေးထားပါတယ်။ Water Mirror အပြာ နဲ့ Night အနက်ရောင် နှစ်မျိုးနဲ့ လာပြီး ထိုင်ဝမ်ဒေါ်လာ ၁၃၉၉၀ (မြန်မာငွေ ၆ သိန်း ၃ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က