Xiaomi ရဲ့ T series ဖုန်းသစ်တွေ

Xiaomi ရဲ့ ပထမဆုံး 144Hz refresh rate အထိ သုံးနိုင်မယ့် Mi 10T နဲ့ Mi 10T Pro တို့ကို ကြေညာသွားပါတယ်။

Xiaomi Mi 10T စီးရီး ဖုန်းသစ် နှစ်မျိုးဟာ မျက်နှာပြင် ၆.၆၇ လက်မ 1080p+ ရုပ်ထွက်နဲ့လာပြီး အလူမီနီယံသတ္ထုသားနဲ့ ထုတ်ထားပါတယ်။ ဖုန်းဘေးဘောင်မှာ လက်ဗွေဖတ်စနစ် ထည့်ထားပါတယ်။ Mi 10T နဲ့ Mi 10T Pro တို့ဟာ အကြောင်းအရာနဲ့ ကိုက်ညီအောင် 144Hz ကနေ 30Hz အထိ အလိုက်သင့် ပြောင်းပေးနိုင်တဲ့ display သုံးထားပါတယ်။



Photo: GSMArena


ရုပ်ရှင်တွေအတွက်ဆို 40Hz ၊ ပုံမှန်ဗွီဒီယိုတွေမှာ 60Hz ၊ 90Hz နဲ့ 120Hz ဆိုပြီး ပေးထားပါတယ်။ display ဟာ punch-hole ကင်ရာ ဒီဇိုင်း ဖြစ်ပြီး Mi 10 စီးရီးနဲ့ ဒီဇိုင်းပိုင်း သိပ်မကွာလှပါဘူး။ Snapdragon 865 chipset သုံးထားပြီး Android 10 ကို အခြေခံထားတဲ့ MIUI 12 နဲ့ လာပါတယ်။ 

5000mAh ဘက်ထရီဟာ 33W charging ပါရှိပြီး Hi-Res အသံစနစ်ပါ စတီရီယိုစပီကာတွေနဲ့လာပါတယ်။ Xiaomi Mi 10T နဲ့ Mi 10T Pro တို့ဟာ dual SIM မှာ 5G ဖုန်းတွေ ဖြစ်ပြီး WiFi 6 နဲ့ NFC support ပေးထားပါတယ်။ Mi 10T Pro ဟာ OIS ရုပ်ငြိမ်စနစ်ပါ 108MP main sensor နဲ့အတူ 13MP ultrawide နဲ့ 5MP macro lens တို့ သုံးထားပါတယ်။

ရှေ့ဘက် punch hole ထဲမှာ HDR ၊ night mode နဲ့ 120fps slow motion ရိုက်ကူးမှုတို့ သုံးနိုင်မယ့် 20MP selfie ကင်မရာတို့ပါရှိပါတယ်။ Mi 10T မှာတော့ 64MP main sensor သုံးထားပြီး OIS ရုပ်ငြိမ်စနစ်တော့ ပါမလာပါဘူး။ 8K video ရိုက်ကူးမှုတော့ ပါလာပြီး ကျန်တဲ့ ကင်မရာ specs တွေကတော့ အတူတူပါပဲ။

Photo: GSMAren


Xiaomi Mi 10T Pro ဟာ RAM 8G နဲ့အတူ 128GB နဲ့ 256GB storage တို့ ပါရှိပါတယ်။ ရိုးရိုးမော်ဒယ် Xiaomi Mi 10T ကတော့ RAM 6GB နဲ့ RAM 8GB ဗားရှင်းနှစ်မျိုး လာပြီး storage ကတော့ 128GB တစ်မျိုးပဲ ထွက်ထားပါတယ်။ Xiaomi Mi 10T အနိမ့်ဆုံးဗားရှင်း RAM 6GB/128GB ဗားရှင်းကို ဥရောပဈေးကွက်မှာ ယူရို ၅၀၀ (မြန်မာငွေ ၇ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။

Pro ဗားရှင်းဟာ ယူရို ၆၀၀ (မြန်မာငွေ ၉ သိန်းကျော်) ဈေးနဲ့ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က