Google ရဲ့ upper mid-ranger ဖုန်းသစ်ပါ

စက်တင်ဘာ ၃၀ ည ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ Google ဟာ 5G ဖုန်းသစ်နှစ်မျိုးကို ကြေညာသွားပါတယ်။

Google ရဲ့ နောက်ဆုံးထွက်စမတ်ဖုန်းသစ်နှစ်မျိုး ဖြစ်တဲ့ Pixel 5 နဲ့ Pixel 4a တို့ဟာ Upper mid-ranger တန်းဝင်ဖုန်းတွေ ဖြစ်ပြီး Snapdragon 765G processor နဲ့ လာတာပါ။ Pixel 5 ဟာ လက်ရှိပင်မ 5G ကွန်ရက်အားလုံးနဲ့ အလုပ်လုပ်နိုင်မယ့် sub-6GHz နဲ့ mmWave 5G နှစ်မျိုးစလုံး ပံ့ပိုးထားပါတယ်။ ၆ လက်မ OLED screen ဟာ punch-hole ကင်မရာပေါက်သုံးထားပြီး ကိုယ်ထည်ကတော့ အလူမီနီယံနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။



Photo: Android Authority


IP68 rating ရေစို/ဖုန်တင်ဒဏ်ခံနိုင်ပြီး wireless charging နဲ့ reverse wireless charging သုံးနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။ ကျောဘက်မှာ စတုရန်းပုံစံကင်မရာအိမ်နဲ့အတူ fingerprint scanner တစ်ခုလည်း တပ်ဆင်ထားပါတယ်။ 90Hz refresh rate ပါ screen ဟာ 1080p+ ရုပ်ထွက်နဲ့ လာပြီး punch-hole ကင်မရာပေါက်ထဲမှာ 8MP selfie ကင်မရာ သုံးထားပါတယ်။

Pixel 5 ရဲ့ အဓိက highlight feature တစ်ခုက ကင်မရာပါ။ ကျောဘက်မှာ OIS နဲ့ EIS ရုပ်ငြိမ်စနစ်တွေ ပါတဲ့ 12.2MP ပင်မကင်မရာနဲ့ ၁၀၇ ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် 16MP ultrawide lens တို့ တွဲသုံးထားပါတယ်။ portrait mode ရိုက်ချက်တွေမှာ အလင်းကို ချိန်ညှိပေးနိုင်မယ့် Ai နည်းပညာသုံး Portrait Light Mode ၊ ဗွီဒီယိုရုပ်သံရိုက်ကူးမှု ပိုပြီး ချောမွေ့စေဖို့ ရုပ်ငြိမ်စနစ် stabilization mode သစ် ၃ ခုလည်း ထည့်ထားပါတယ်။

Photo: Mashable

RAM 8GB/128GB storage နဲ့ ထွက်ထားပြီး ဘက်ထရီပါဝါကိုလည်း အရင်မော်ဒယ်တွေထက် ပိုကြီးတဲ့ 4080mAh သုံးထားပါတယ်။ 18W USB-C အမြန်အားသွင်းစနစ်အပြင် စိတ်ဝင်စားစရာက ဘက်ထရီသက်တမ်းကို ၄၈ နာရီအထိ အသုံးခံအောင် ဆွဲဆန့်ပေးနိုင်မယ့် Extreme Battery Saver mode ထည့်ပေးထားတာ ဖြစ်ပါတယ်။ ဒီ features ကို အရင်ဖုန်းမော်ဒယ်‌ဟောင်းတွေမှာလည်း ရနိုင်မှာပါ။

Google Pixel 5 ဟာ နောက်ဆုံးထွက် Android 11 စနစ်နဲ့ လာပြီး Just Black ကာလာအပြင် Sorta Sage စိမ်းနုရောင်ပါ ထွက်ထားပါတယ်။ ဒေါ်လာ ၇၀၀ (မြန်မာငွေ ၉ သိန်းကျော်) ဈေးနဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပြီး အောက်တိုဘာလ ၁၅ ရက်နေ့ ဈေးကွက်ထဲ ရောက်ဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က