မြန်မာငွေ ၄ သိန်းဝန်းကျင်ဈေးကနေ စတင်ရောင်းချသွားမှာပါ

Xiaomi T-series ဖုန်းသစ်တွေထဲက ဈေးအနည်းဆုံးမော်ဒယ်ဖြစ်တဲ့ Xiaomi Mi 10T Lite ထွက်ရှိလာပါတယ်။

Mi 10T Lite ဟာ T-Series ဖုန်းသစ်တွေထဲမှာ ဈေးနည်းဆုံးမော်ဒယ် ဖြစ်ပြီး မျက်နှာပြင် ၆.၆၇ လက်မ LCD display နဲ့ လာပါတယ်။ adaptive refresh rate သုံးထားပြီး content ပေါ်လိုက်ပြီး 120Hz အထိ တင်နိုင်မှာပါ။ HDR10 ထောက်ခံချက်ရ display ဖြစ်ပြီး 1080p+ ရုပ်ထွက်ပါရှိပါတယ်။



Photo: GSMArena

ဒီဖုန်းမှာ dual speakers နဲ့ Hi-Res Audio အသံစနစ်တို့ ပါရှိပါတယ်။ ကျောဘက်စက်ဝိုင်းပုံ cutout ထဲမှာ ကင်မရာ ၄လုံးတွဲစနစ်သုံးထားပါတယ်။ 64MP main sensor နဲ့အတူ 8MP ultrawide sensor ၊ 2MP macro နဲ့ 2MP depth sensor တို့ ဖြစ်ပါတယ်။ screen အပေါ်ဘက် အလယ်တည့်တည့် punch hole ကင်မရာပေါက်အတွင်းထဲမှာ 16MP selfie ကင်မရာပါရှိပါတယ်။

ဖုန်းဘေးဘောင်မှာ Fingerprint scanner ပါရှိပြီး ရှေ့နဲ့နောက် နှစ်ဖက်စလုံး Gorilla Glass 5 မှန်အုပ်ထားပါတယ်။ Xiaomi Mi 10T Lite ဟာ Snapdragon 750G processor သစ် သုံးလာတဲ့ ပထမဆုံးဖုန်းဖြစ်ပါတယ်။ ဒီ 8nm chip ဟာ 5G modem တစ်ခါတည်း ပါလာပြီး Snapdragon 730G ထက် CPU performance ၂၀% နဲ့ GPU စွမ်းရည် ၁၀% ပိုကောင်းတယ်လို့ ဆိုပါတယ်။

Photo: Android Authority

တစ်ခြား Xiaomi Mi 10T ဖုန်းနှစ်မျိုးလိုပဲ 4820mAh ဘက်ထရီနဲ့လာပြီး 33W fast charging လည်း ပေးထားပါတယ်။ 3.5mm headphone jack ထည့်ပေးထားပြီး RAM/storage ဗားရှင်း ၃ မျိုးနဲ့ ဝယ်ယူနိုင်မှာပါ။ အနိမ့်ဆုံး RAM 6GB/64GB storage ဗားရှင်းကို ၂၄၉ ယူရို (မြန်မာငွေ ၃ သိန်း ၈ သောင်းကျော်) ဈေးနဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က