တန်ဖိုးနည်း Coolpad ထုတ် ဖုန်းသစ်ပါ

ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ စိတ်ဝင်စားစရာ တန်ဖိုးနည်းဖုန်းတစ်လုံးကို CoolPad ဟာ တရုတ်ဈေးကွက်မှာ ကြေညာလိုက်ပါတယ်။

Cool Lineup ရဲ့ အသစ်ထွက်လာတဲ့ Cool 12A ဟာ ကြီးမားတဲ့ display ၊ အမြင့်စား Memory အတွဲအစပ်နဲ့ ဘေးဘောင်လက်ဗွေခလုတ်တွေ တပ်ဆင်ထားတာပါ။ Cool 12A ဟာ ကျောဘက်အပေါ်ဘယ်ထောင့်မှာ Square-Shape ကင်မရာအိမ်တစ်ခု ထည့်သွင်းထားပါတယ်။ သိသာတဲ့အချက်က ဒီဖုန်းဟာ ဈေးနှုန်းထက် တန်တဲ့ specs နဲ့ ထွက်လာတာပါ။



Photo: GSMArena

မျက်နှာပြင် ၆.၃ လက်မအရွယ် LCD display ဟာ 720p ရုပ်ထွက်ပါရှိပြီး ရှည်လျားတဲ့ 19:9 aspect ratio အချိုး သုံးထားပါတယ်။ waterdrop notch ထဲမှာ 8MP selfie ကင်မရာ တပ်ဆင်ထားပြီး ကျောဘက်စတုရန်းပုံ ကင်မရာအိမ်ထဲမှာ 16MP နဲ့ 2MP depth sensor တို့ ထည့်ထားပါတယ်။ 

4000mAh ဘက်ထရီဟာ USB-C port နဲ့ အားသွင်းနိုင်မှာ ဖြစ်ပြီး သုံးထားတဲ့ processor အကြောင်း မပြောထားပါဘူး။ GSMArena သတင်းအရ ရှန်ဟိုင်းအခြေစိုက် Unisoc ရဲ့ T310 platform နဲ့ လာတာ ဖြစ်တယ်လို့ဆိုပါတယ်။Quad-core CPU အမျိုးအစားဖြစ်ပြီး AI Camera Algorithms နဲ့ ဘက်ထရီပါဝါကို ပိုကြာစေနိုင်မယ့် features တွေ ထည့်ထားတယ်လို့ ဆိုပါတယ်။

Cool 12A ဟာ RAM 4GB/64GB storage အထိ သုံးထားပြီး အနက် ၊ အပြာရောင်ပြေးနဲ့ ငွေရောင် ကာလာတွေနဲ့ ထွက်လာပါတယ်။ တရုတ်မှာ ၅၉၉ ယွမ် (မြန်မာငွေ ၁ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က