Triple lens ၊ Big battery နဲ့ လူငယ်တွေအကြိုက် features တွေ

Samsung ဟာ ဈေးနှုန်းသင့်တင့်ပြီး ဖျော်ဖြေရေးပိုင်း ဦးစားပေးဖုန်းသစ်တစ်မျိုးဖြစ်တဲ့ Galaxy F41 ကို ကြေညာလိုက်ပါတယ်။

Galaxy F41 သစ်မှာ အသားပေးထားတဲ့ feature တစ်ခုက ဘက်ထရီ ဖြစ်ပါတယ်။ ဧရာမ 6000mAh ဘက်ထရီဟာ ဇာတ်ကားတွေ playback ကြည့်မယ်ဆို ၂၆ နာရီအထိ အားခံပြီး အင်တာနက်သုံးမယ် ၂၁ နာရီ ဆက်တိုက် သုံးလို့ရနိုင်မယ်လို့ ဆိုပါတယ်။ ဒီဖုန်းကို အိန္ဒိယမှာ ဒီဇိုင်းဆွဲပြီး ထုတ်လုပ်တာ ဖြစ်ပါတယ်။



Photo: GSMArena

လူငယ်စမတ်ဖုန်းသုံးစွဲသူတွေကို ပစ်မှတ်ထားပြီး ထုတ်လုပ်လိုက်တာ ဖြစ်ပြီး ၆.၄ လက်မ Super AMOLED display နဲ့ လာတာပါ။ 1080p+ ရုပ်ထွက်ပါရှိပြီး brightness nit 420 အထိ ရမယ်လို့ ဆိုပါတယ်။ အတွင်းမှာ သုံးထားတဲ့ chipset ဟာလည်း Samsung ရဲ့ ကိုယ်ပိုင် Exynos 9611 chipset ဖြစ်ပြီး RAM 6GB ပါရှိပါတယ်။

storage ကိုတော့ 64GB နဲ့ 128GB ဆိုပြီး နှစ်မျိုးထွက်ထားပါတယ်။ card slot မှာ SIM နှစ်ကဒ်နဲ့ microSD card တို့အတွက် triple card slot တစ်ခု ပါရှိပါတယ်။ ဘက်ထရီအားသွင်းစနစ်ဟာ 15W charger နဲ့ လာပြီး အားအပြည့်သွင်းဖို့အတွက် ၂ နာရီ မိနစ် ၄၀ ကြာမြင့်မှာ ဖြစ်ပါတယ်။ fingerprint scanner ဟာ ကျောဘက်မှာ တပ်ဆင်ထားပါတယ်။ 

screen ဟာ waterdrop notch နဲ့လာပြီး ဆယ်လ်ဖီကြိုက်သူတွေအတွက် အမိုက်စား 32MP selfie ကင်မရာ သုံးထားပါတယ်။ Selfie ကင်မရာ mode အများအပြား ပါရှိပြီး ပုံ ၇ ပုံနဲ့ ဗွီဒီယို ၃ ခုကို တစ်ပြိုင်နက်တည်း ရိုက်ကူးပြီး အကောင်းဆုံးတစ်ခုကို ဆွဲထုတ်နိုင်မယ့် Single Take လုပ်ဆောင်ချက်လည်း ထည့်သွင်းထားပါတယ်။

ကျောဘက်ကင်မရာဟာ 4K Video ဖမ်းယူနိုင်မှာ ဖြစ်ပြီး hyperlapse နဲ့ boomerang modes တွေလည်း ပါရှိပါတယ်။ ထောင်လိုက်စတုဂံကင်မရာကွက်ထဲမှာ 64MP main sensor နဲ့အတူ ၁၂၃ ဒီဂရီ 8MP ultra wide lens နဲ့ Live Focus 5MP sensor တို့ သုံးထားပါတယ်။ ဆော့ဖ်ဝဲလ်အနေနဲ့ Android 10 ကို အခြေခံထားတဲ့ One UI Core 2.1 နဲ့လာပါတယ်။

Photo: GSMArena

Fusion Green ၊ Fusion Black နဲ့ Fusion Blue ကာလာ သုံးရောင်နဲ့ ထွက်ထားပြီး 64GB မော်ဒယ်ကို Big Billion Days အထူးဈေးအနေနဲ့ ရူပီး ၁၅၅၀၀ (မြန်မာငွေ ၂ သိန်း ၇ သောင်းဝန်းကျင်) နဲ့ 128 GB မော်ဒယ်ကို ရူပီး ၁၆၅၀၀ (မြန်မာငွေ ၂ သိန်း ၈ သောင်း ၈ ထောင်ခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။

ပုံမှန်ဈေးအနေနဲ့ဆို ရူပီး ၁၇၀၀၀ (မြန်မာငွေ ၃ သိန်းခန့်) နဲ့ 128GB မော်ဒယ်ကို ရူပီး ၁၈၀၀၀ (မြန်မာငွေ ၃ သိန်း ၂ သောင်းခန့်) ကျသင့်မှာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က