Triple lens စနစ်နဲ့ လာတာပါ

အလတ်တန်းစား တန်ဖိုးသင့် Vivo Y series ကနေ ဈေးနှုန်းသင့်တဲ့ 5G ဖုန်းတစ်လုံးကို ကြေညာလိုက်ပါတယ်။

Vivo Y73s ဟာ Dimensity 720 chipset ကို သုံးလာတဲ့ Vivo ရဲ့ ပထမဆုံး ဖုန်းဖြစ်ပါတယ်။ 20:9 aspect ratio နဲ့လာပြီး screen resolution ဟာ FHD+ (1080x 2400p) ပါရှိပါတယ်။ waterdrop notch ဒီဇိုင်း screen ရဲ့ အောက်မှာ လက်ဗွေစနစ် ထည့်သွင်းထားတာပါ။ မျက်နှာပြင် ၆.၄၄ လက်မ AMOLED display ဟာ HDR10 နဲ့ NTSC ကာလာစဉ် ပံ့ပိုးပေးထားတယ်လို့ ဆိုပါတယ်။




Photo: Gizmochina

MediaTek ရဲ့ အလတ်တန်းစား 5G chipset ဖြစ်တဲ့ Dimensity 720 SoC နဲ့အတူ RAM 8GB/128GB storage အထိ သုံးလာပါတယ်။ storage ထပ်တိုးဖို့အတွက်တော့ microSD card slot မထည့်တော့ပါဘူး။ waterdrop notch ထဲမှာ f/2.0 အပါချာသုံး 16MP selfie ကင်မရာ နဲ့ လာပါတယ်။

ကျောဘက်မှာ ထောင်လိုက်သုံးလုံးတန်း ကင်မရာသုံးထားပြီး ကင်မရာ lens တွေအကြားမှာ LED flash တစ်ခုလည်း ပါရှိပါတယ်။ ကျောဘက် Triple lens ဟာ 48MP main sensor ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် 8MP superwide lens နဲ့ 2MP portrait lens တို့ ဖြစ်ပြီး Night Mode ၊ Macro shots ၊ 10x Digital Zoom ၊ EIS နဲ့ 4K ဗွီဒီယိုရိုက်ကူးရေးစနစ်တို့ သုံးနိုင်မှာပါ။

Vivo Y73s 5G မှာ 4100 mAh ဘက်ထရီ ပါရှိပြီး USB-C port ကနေ 18W dual-engine အမြန်အားသွင်းစနစ်တို့ သုံးထားပါတယ်။ ဆော့ဖ်ဝဲလ်အနေနဲ့ Android 10 OS ကို အခြေခံထားတဲ့ FunTouchOS 10 နဲ့ လာပါတယ်။ အရောင်အနေနဲ့ Silver Moon နဲ့ Black Mirror နှစ်ရောင် ထွက်ထားပြီး ၁၉၉၈ ယွမ် (မြန်မာငွေ ၃ သိန်း ၈‌ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 

Share

Loading Next Article...
က္က