Quad Cameras နဲ့ အကြီးစား 5000 mAh ဘက်ထရီတို့ သုံးထားပါတယ်။

Galaxy A42 5G ဟာ Samsung ထုတ် 5G ဖုန်းတွေထဲမှာ ဈေးအနည်းဆုံး ဖုန်းတစ်လုံးအဖြစ် ဝင်ရောက်လာပါတယ်။

Samsung ရဲ့ အလတ်တန်းစား တန်ဖိုးသင့် A- series ကနေ အသစ်ထွက်လာတဲ့ Galaxy A42 ဟာ Infinity U display ၊ Quad Cameras တို့နဲ့ လာပြီး အကြီးစား ဘက်ထရီပါဝါ သုံးလာပါတယ်။ လူငယ်အကြိုက် A-Series ဖုန်းဖြစ်တဲ့အတိုင်း ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ Specs တို့ ပါရှိပါတယ်။



Photo: techiepick

ကျောဘက်မှာ စတုရန်းပုံစံကင်မရာကွက်ထဲ ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး ကင်မရာအိမ်ရဲ့ အောက်မှာ LED flash တစ်ခု ထည့်ပေးထားပါတယ်။ ကျောဘက် panel ဟာ မတူတဲ့ texture grid လေးကန့် ခွဲထားတဲ့ ဒီဇိုင်း သုံးထားပါတယ်။ ကာလာအနေနဲ့ အနက် ၊ မီးခိုးနဲ့ အဖြူ သုံးရောင် ထွက်ထားပါတယ်။

ကြီးမားတဲ့ ၆.၆ လက်မ HD+ OLED display အမျိုးအစားနဲ့ လာပြီး fingerprint ကိုလည်း on-screen စနစ် သုံးထားပါတယ်။ သုံးထားတဲ့ processor ဟာ ပြီးခဲ့တဲ့လထဲမှာ Qualcomm ကနေ မိတ်ဆက်သွားတဲ့ Snapdragon 750G Processor ဖြစ်ပါတယ်။ mid-range 5G ဖုန်းထဲမှ ပြိုင်ဘက်တွေ ဖြစ်တဲ့ Pixel 4a 5G နဲ့ OnePlus Nord တို့ကတော့ ပိုပြီး စွမ်းရည်မြင့်တဲ့ Snapdragon 765G Processor နဲ့ လာတာပါ။

Photo: The Verge

Galaxy A42 5G ဟာ RAM 4GB/8GB ၊ 128GB storage နဲ့ ထွက်ထားပြီး microSD card ကနေ 1TB အထိ ထပ်တိုးနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီပါဝါဟာ 5000 mAh ဖြစ်ပြီး 15W Adaptive Fast Charging စနစ်နဲ့ လာပါတယ်။ Infinity U cutout ထဲမှာ 20MP selfie ကင်မရာ ထည့်သွင်းထားပြီး ကျောဘက်မှာ 48MP wide lens ၊ 8MP ultrawide lens ၊ 5MP macro နဲ့ 5MP depth sensor လေးလုံးတွဲကင်မရာ ပါရှိပါတယ်။

ဆော့ဖ်ဝဲလ်ပိုင်းအနေနဲ့ Android 10 နဲ့လာတဲ့ One UI 2 သုံးထားပါတယ်။ Galaxy A42 5G ကို ယူကေဈေးကွက်မှာ ၃၄၉ ပေါင် (မြန်မာငွေ ၅ သိန်း ၈ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က