Realme Q စီးရီးကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ

တရုတ်မှာ ကျင်းပခဲ့တဲ့ Realme Q2 စီးရီး မိတ်ဆက်ပွဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ တန်ဖိုးသင့် Realme Q2i ၊ Realme Q2 နဲ့ Realme Q2 Pro တို့ ထွက်ပေါ်လာခဲ့ပါတယ်။

Realme Q2 နဲ့ Q2 Pro တို့ဟာ Dimensity 800U chipset နဲ့ လာပြီး punch hole ကင်မရာစနစ်သုံးထားပါတယ်။ ရှေ့ကင်မရာဟာ 16MP ဆယ်လ်ဖီကင်မရာ ဖြစ်ပြီး display တွေကိုတော့ အကြမ်းခံ Gorilla Glass မှန် အုပ်ထားပါတယ်။ Realme Q2 ဟာ 120Hz refresh rate ပါ LCD panel နဲ့ လာပါတယ်။



Photo: Gizmochina

ဖုန်းဘေးဘောင်မှာ လက်ဗွေဖတ်စနစ်ကို တပ်ဆင်ထားပါတယ်။ RAM 6GB အထိ ပါရှိပြီး storage ကတော့ 128GB ဖြစ်ပါတယ်။ Realme Q2 ဟာ အကြီးစား 5000mAh ဘက်ရီ သုံးထားပြီး USB-C ကနေ အားသွင်းနိုင်မယ့် 30W fast charging နဲ့ လာပါတယ်။ ကျောဘက်မှာ သုံးလုံးတွဲကင်မရာစနစ်ဖြစ်တဲ့ 48MP main sensor ၊ ၁၁၉ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် 8MP ultrawide lens နဲ့ 2MP macro shooter တွေ သုံးထားပါတယ်။

Realme Q2 Pro ဟာ ဘက်ထရီပါဝါ 4300 mAh သုံးထားပြီး 65W SuperDart အမြန်အားသွင်းစနစ် ပါရှိပါတယ်။ RAM 8GB နဲ့အတူ 128GB/256GB storage ဗားရှင်းတွေလည်း ထွက်ထားပါတယ်။ ကျောဘက်ကင်မရာဟာ Realme Q2 မှာထက် 2MP Black/White Portrait lens တစ်လုံး ပိုပါလာတဲ့ လေးလုံးတွဲကင်မရာစနစ်နဲ့ လာပါတယ်။

ဒီဖုန်းနှစ်မျိုးလုံးဟာ Android 10 OS ကို အခြေခံထားတဲ့ Realme UI 2.0 နဲ့လာပြီး 5G ၊ Dual SIM support နဲ့ Hi-Res Audio support ပေးထားပါတယ်။ Realme Q2 Pro မှာတော့ microSD card နဲ့ 3.5mm headphone jack မပါတော့ပါဘူး။ ဖုန်းသုံးမျိုးထဲမှာ တန်ဖိုးအနည်းဆုံးမော်ဒယ်ဟာ Realme Q2i ဖြစ်ပြီး ၆.၅ လက်မ IPS LCD panel နဲ့ လာပါတယ်။

Realme Q2i ဟာ waterdrop notch screen နဲ့လာပြီး HD+ ရုပ်ထွက်ပါရှိပါတယ်။ notch ထဲမှာ 8MP selfie ကင်မရာနဲ့ ကျောဘက် စတုရန်းကင်မရာကွက်ထဲမှာ 13MP + 2MP macro lens နဲ့ 2MP depth sensor တို့ ထည့်ထားပါတယ်။ Fingerprint scanner လည်း ကျောဘက်မှာပဲ တပ်ဆင်ထားပါတယ်။

Photo: Gizmochina


RAM 4GB/128GB storage ပါရှိပြီး microSD card slot တစ်ခုလည်း ပေးထားပါတယ်။ 5G processor ဖြစ်တဲ့ Dimensity 720 chipset သုံးထားပါတယ်။ 18W charging ပံ့ပိုးထားတဲ့ 5000mAh ဘက်ထရီသုံးထားတဲ့ ဒီဖုန်းကို အပြာနဲ့ ငွေကာလာ ၂ ရောင်နဲ့ ဝယ်နိုင်မှာ ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ၉၉၈ ယွမ် (မြန်မာငွေ ၁ သိန်း ၉ သောင်းခန့်) ဈေး သတ်မှတ်ထားပါတယ်။

Realme Q2 အနိမ့်မော်ဒယ် RAM 4GB/128GB storage ဗားရှင်းကို ၁၁၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၃ သောင်းခန့်) နဲ့ RAM 6GB ဗားရှင်းကို ၁၂၉၉ ယွမ် (မြန်မာငွေ ၂ သိန်းခွဲ) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ Realme Q2 Pro (RAM 8GB/128GB storage) မော်ဒယ်ကို ၁၅၉၉ ယွမ် (မြန်မာငွေ ၃ သိန်းကျော်) နဲ့ 256GB မော်ဒယ်ကို ၁၇၉၉ ယွမ် (မြန်မာငွေ ၃ သိန်းခွဲ) ဈေးတွေနဲ့ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က