5G iPhone တွေ မြင်တွေ့ရဖို့ရှိတဲ့ Apple ရဲ့ Hi, Speed event ပါ

တစ်နှစ်တာအတွက် Apple ရဲ့ အကြီးကျယ်ဆုံး iPhone သစ် မိတ်ဆက်ပွဲကို ဒီည မြန်မာစံတော်ချိန် ၁၁ နာရီခွဲဝန်းကျင်ကစပြီး ကျင်းပသွားမှာပါ။ 




ဒီပွဲမှာ iPhone သစ် လေးမျိုး ကြေညာသွားဖို့ ရှိပြီး Apple ရဲ့ ပထမဆုံး 5G iPhone တွေကို မြင်ရဖို့ ရှိပါတယ်။ Apple ရဲ့ "Hi, Speed" နာမည်နဲ့ iPhone သစ်မိတ်ဆက်ပွဲကို ကျွန်တော်တို့ Duwun Tech မှာလည်း Apple Event Live Blog အဖြစ် ပွဲချိန်နဲ့ တပြေးညီ Update တင်ဆက်ပေးသွားမှာ ဖြစ်လို့ ဝင်ရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 



Apple Event စပြီ ဖြစ်ပါတယ်။

စတိဗ်ဂျော့စ်ခန်းမဆောင်မှာ Apple CEO တင်မ်ကွတ်က အဖွင့်စကားပြောပါတယ်။

Photo: The Verge

စပြီးတွေ့ရတာက HomePod Mini ပါ။

smart home မှာ သုံးနိုင်မယ့် စက်လုံးပုံစံ စမတ်စပီကာထုတ်ကုန်ဖြစ်ပြီး Apple S5 Chips နဲ့လာပါတယ်။ 

အသံကျယ်လောင်မှုကို ထိန်းညှိစနစ် ထည့်ထားပြီး volume ခလုတ်တွေကို အပေါ်ဘက်မှာ ထားထားပါတယ်။ 

Siri ကိုလည်း အဆင့်မြှင့်ထားကြောင်း ကြေညာပါတယ်။

ပြီးခဲ့တဲ့သုံးနှစ်အတွင်း စကားသံမှတ်သားမှုက ၂ ဆ ပိုတိကျလာပါတယ်။ အိမ်ထဲက မိသားစုဝင်တစ်ယောက်ချင်းစီရဲ့ အသံကို မှတ်သားနိုင်မယ်လို့ ဆိုပါတယ်။

HomePod တစ်ခုကနေ တစ်ခြားတစ်ခုကို မက်ဆေ့ပို့နိုင်မယ့် Intercom feature ပါလာပါတယ်။ ၉၉ ဒေါ်လာဈေးနဲ့ ရောင်းချသွားမှာပါ

Photo: The Verge


ကဲ.. အားလုံး စောင့်မျှော်််််််နေတဲ့ iPhone သစ် လာပါပြီ။

5G iPhone ဖြစ်ပါတယ်။

Apple ရဲ့ ပထမဆုံး 5G iPhone တွေပါ။

Photo: The Verge

iPhone 12 တွေ မိတ်ဆက်သွားပါတယ်။

ပေါက်ကြားခဲ့တဲ့ သတင်းတွေအတိုင်း Square-edge ဘောင်နဲ့ လာပြီး နက်ပြာကာလာသစ်လည်း တွေ့ရပါတယ်။ အနက် ၊ အပြာ ၊ အစိမ်း ၊ အနီနဲ့ အဖြူ ကာလာ ၅ ရောင်နဲ့ လာပါတယ်။

၆.၁ လက်မ display ကို အရင်မိတ်ဆက်ပါတယ်။ Super Retina XDR display နဲ့ လာပြီး ၁၁ % ပိုပါး ၊ ၁၅%ထုပိုသေး ပြီး ၁၆% ပိုပြီး ပေါ့ပါးတယ်လို့ ဆိုပါတယ်။ 

Ceramic shield သုံးထားပြီး လွတ်ကျဒဏ်ကို ၄ ဆပိုခံနိုင်မှာပါ။ iPad Air 4 မှာ သုံးခဲ့တဲ့ နောက်ဆုံးပေါ် 5nm A14 Bionic chipset သုံးထားပါတယ််။

Photo: The Verge

Machin learning ပိုင်းမှာ ၇၀% ပိုမြန်ဆန်လာပြီး တစ်စက္ကန့်ကို 11 trillion operations အထိ လုပ်ဆောင်နိုင်မှာပါ။ Dual Cameras စနစ် သုံးထားပြီး 12MP ultrawide နဲ့ 12MP wide lens သစ် နဲ့ လာပါတယ်။ Low-light စွမ်းရည် ၂၇% ပိုကောင်းလာမယ်လို့ ဆိုပါတယ်။ 

နောက်တစ်ခုက MagSafe for iPhone ပါ။ ကြိုးမဲ့အားသွင်းစနစ်ကို အဆင့်မြှင့်ပေးမယ့် MagSafe wllet ပါ။ နောက်သတင်းတစ်ခုက iPhone ဗူးထဲမှာ Lightning headphone နဲ့ power adapter တွေ မပါတော့ဘူးဆိုတာပါပဲ။ 

၄.၇ လက်မ iPhone 8 ထက် ပိုသေးပြီး ပေါ့ပါးတဲ့ iPhone 12 Mini လာပါပြီ။ Screen size က ၅.၄ ပါ။ 

သတင်းတွေအတိုင်းပဲ ဈေးနှုန်းအနေနဲ့ iPhone 12 Mini ၆၉၉ ဒေါ်လာနဲ့ iPhone 12 ကို ၇၉၉ ဒေါ်လာဈေးနဲ့ ရောင်းချသွားမှာပါ။

Pro မော်ဒယ် iPhone 12 တွေ လာပါပြီ။

Stainless steel band သုံးထားပြီး silver, graphite, gold နဲ့ blue ကာလာ ၄ ရောင်ထွက်ထားပါတယ်။ 

IP68 ရေစိုခံဖုန်းဖြစ်ပြီး Ceramic Shield မှန် coating စနစ်ပဲ သုံးထားတာပါ။ iPhone 12 Pro ဟာ ၆.၁ လက်မ နဲ့ Pro Max ဟာ ၆.၇ လက်မ Super Retina XDR display နဲ့ လာပါတယ်။


A14 Bionic Chipset နဲ့ custom Image Signal Processor တစ်ခုလည်း ထည့်ထားပါတယ်။ Deep Fusion ကင်မရာစနစ်ကို ကင်မရာအားလုံးမှာ Support ပေးထားပါတယ်။ 12MP ultrawide/Wide angle နဲ့ tele ဆိုပြီး ကင်မရာ သုံးလုံး ပါရှိပါတယ်။ 4x optical zoom ပေးထားပါတယ်။ Pro Max မှာ 5x telephoto zoom ဆွဲနိုင်ပြီး wide camera ဟာ ၄၇% ပိုကြီးတဲ့ sensor ပါရှိတယ်လို့ ဆိုပါတယ်။


Optical Image Stabilization (OIS) ဟာ အရင်လို မှန်ဘီလူး lens အစား sensor မှာ သုံးလာတာဖြစ်ပါတယ်။ဖရိန်ကို တစ်စက္ကန့် အဆ ၅ ထောင် ချိန်ညှိနိုင်မှာပါ။ low-light ရိုက်ချက်ဟာ ၈၇% အထိ ပိုကောင်းမွန်လာတယ်လို့ ဆိုပါတယ်။ Dolby Vision HDR support ပေးထားပြီး တိုက်ရိုက် Edit လုပ်နိုင်မှာပါ။ video recording ကို 4K 60fps နှုန်းအထိ ပေးထားပါတယ်။ 

iPhone 12 Pro မှာ မြင်ကွင်းပုံဖော်မှုကို ပိုပြီး တိကျစေမယ့် LiDAR Scanner တစ်ခုလည်း ထည်‌့ပေးထားပါတယ်။ iPhone 12 Pro နဲ့ iPhone 12 Pro Max တို့ကို ၉၉၉ ဒေါ်လာနဲ့ ၁၀၉၉ ဒေါ်လာဈေးတွေကနေ စတင် ဝယ်ယူနိုင်မှာပါ။ 128GB storage ကနေ စတင်သွားမှာ ဖြစ်ပါတယ်။ 


Pre-order ကို အောက်တိုဘာ ၁၆ ရက်နေ့ လက်ခံမှာ ဖြစ်ပြီး ၂၃ ရက်နေ့ ဖြန့်ချိသွားမှာပါ။ Pro Max နဲ့ iPhone 12 Mini ကို နိုဝင်ဘာ ၁၃ ရက်နေ့မှာ Shipping လုပ်သွားမှာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က