အသေးဆုံးနဲ့ အပေါ့ပါးဆုံး 5G ဖုန်း

Apple ရဲ့ ၂၀၂၀ မော်ဒယ် Compact ဖုန်းလို့ ပြောရမယ့် iPhone 12 Mini ထွက်လာပြီ ဖြစ်ပါတယ်။

iPhone 12 Mini ဟာ iPhone 12 lineup ဖုန်း ၄ မျိုးမှာ ဈေးအချိုဆုံးနဲ့ Screen size အသေးဆုံး မော်ဒယ်ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစား ၅.၄ လက်မရှိတယ် ဆိုပေမယ့် ၄.၇ လက်မ iPhone 8 ထက်တောင် ပိုသေးပြီး ပိုပေါ့ပါးတယ်လို့ Apple က ကြေညာပါတယ်။ ဒီဇိုင်းပိုင်းမှာတော့ ၂၀၁၀ တုန်းက မိတ်ဆက်ခဲ့တဲ့ iPhone 4 စတိုင် အလူမီနီယံလေးထောင့်ဘောင်တွေနဲ့ လာပါတယ်။



Photo: NDTV Gadgets 360

အကြမ်းခံမှု ပိုမြင့်မားတဲ့ Ceramic Shield Coating ကို display မှာ သုတ်ထားတဲ့အပြင် ရေစို/ဖုန်တင်တဲ့ ဒဏ်ကိုလည်း IP68 rating ခံနိုင်ရည် ရှိမယ်လို့ ဆိုပါတယ်။ ထူးခြားတာက ဒီဖုန်းဟာ 5G ကွန်ရက်ချိတ်ဆက်မှု Support ပေးထားတာပါပဲ။ Apple ကတော့ iPhone 12 Mini ဟာ အရွယ်အစား အသေးဆုံး ၊ အပါးလွှာဆုံးနဲ့ အပေါ့ပါးဆုံး 5G ဖုန်းဖြစ်တယ်လို့ ကြေညာပါတယ်။ 

အစောပိုင်း သတင်းတွေမှာတော့ Pro မော်ဒယ်တွေမှာပဲ 5G ပါမယ်လို့ သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ iPhone 12 Mini ဟာ sub-6GHz နဲ့ mmWave 5G နှစ်မျိုးလုံး ပါဝင်ပါတယ်။ iPhone 12 မှာ MagSafe သံလိုက်စနစ် သုံးထားပြီး Wireless charger တွေလည်း supports ပေးသွားမှာပါ။

Photo: The Verge

နောက်ဆုံးပေါ် 5nm A14 Bionic chipset သုံးထားတာကြောင့် A13 SoC ထက် ၅၀% ပိုမိုမြန်ဆန်မယ်လို့ ဆိုပါတယ်။ ကျောဘက်မှာ 12MP main camera နဲ့ 12MP ultra-wide lens တို့ သုံးထားပြီး low-light စွမ်းရည် မြှင့်ထားတယ်လို့လည်း ကုမ္ပဏီက ကြေညာပါတယ်။ ကာလာအနေနဲ့ အပြာ ၊ အစိမ်း ၊ အနက် ၊ အဖြူနဲ့ အနီ ငါးရောင်ထွက်ထားပါတယ်။

iPhone 12 Mini ကို ၆၉၉ ဒေါ်လာ (မြန်မာငွေ ၉ သိန်းခန့်) ဈေးကနေ စတင်ရောင်းချသွားမှာ ဖြစ်ပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ Preorder လက်ခံမယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲကိုတော့ နိုဝင်ဘာ ၁၃ ရက်နေ့ ရောက်မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က