အောက်တိုဘာ ၁၃ ရက် Apple Event မှာ iPhone သစ် ၄ မျိုးကို ကြေညာသွားခဲ့ပြီး ဒီထဲက နှစ်မျိုးက Pro Model တွေ ဖြစ်ပါတယ်။ 

Apple ရဲ့ ၂၀၂၀ ထွက် flagship ဖုန်းတွေဟာ အရင် ၁၀ နှစ်လောက်က ထွက်ခဲ့တဲ့ iPhone 4 ရဲ့ Squred-off ဒီဇိုင်း ဘောင်နဲ့ လာပါတယ်။ ဒါက ကိုယ်ထည်ဒီဇိုင်းပိုင်းမှာ သိသာတဲ့ အပြောင်းအလဲ ဖြစ်ပါတယ်။ iPhone 12 Pro နဲ့ 12 Pro Max တို့ဟာ screen size ၆.၁ လက်မနဲ့ ၆.၇ လက်မစီ ရှိပါတယ်။



iPhone သစ် မိတ်ဆက်ပွဲမတိုင်ခွင် လအတန်ကြာ ကြိုပြီး ထွက်ခဲ့တဲ့ သတင်းတွေ အတိုင်းပါပဲ။ Screen Size ၊ ဒီဇိုင်းနဲ့ specs အများစုက leaks သတင်းတွေအတိုင်း မှန်ခဲ့ပါတယ်။ ရိုးရိုး iPhone 12 မော်ဒယ်နှစ်မျိုးနဲ့ မတူတာက Pro Model တွေဟာ Stainless Steel ဒီဇိုင်း သုံးလာတာ ဖြစ်ပါတယ်။


Photo: The Verge

iPhone 12 Mini နဲ့ iPhone 12 တို့ဟာ အလူမီနီယံဘောင်နဲ့ လာပါတယ်။ display panel တွေကို အကြမ်းပိုခံစေဖို့ Ceramid Shied ကြွေရည် coating သုတ်ထားပါတယ်။ ဒီ Ceramic Shiel နည်းပညာဟာ တစ်ခြား စမတ်ဖုန်း display တွေထက် ပိုအကြမ်းခံပြီး လွတ်ကျမှုကို လေးဆအထိ ပိုခံနိုင်ရည်ရှိမယ်လို့ ဆိုပါတယ်။ Pro မော်ဒယ်တွေဟာ မီးခိုးမှိုင်းရောင် ၊ စတီးရောင် ၊ ရွှေရောင်နဲ့ အပြာရောင် ဆိုပြီး ကာလာ ၄ မျိုးနဲ့ ထွက်လာပါတယ်။ 

စက်တင်ဘာ ၁၅ ရက်နေ့က မိတ်ဆက်သွားတဲ့ iPad Air သစ်မှာ စပြီး သုံးခဲ့တဲ့ 5nm A14 Bionic Chip နဲ့ လာပါတယ်။ Apple ကတော့ ဒီ Processo ရဲ့ စွမ်း‌ဆောင်ရည်ဟာ ဘယ်ဖုန်းထက်မဆို ၅၀% အထိ ပိုမိုမြန်ဆန်တယ်လို့ ဆိုပါတယ်။ ဒီနှစ် iPhone တွေအတွက် သတင်းထူးအဖြစ် ဖုန်းအားလုံးဟာ sub-6GHz နဲ့ mmWave 5G နှစ်မျိုးစလုံး ပံ့ပိုးလာတဲ့ 5G ဖုန်းတွေ ဆိုတာပါပဲ။

Pro မော်ဒယ်တွေမှာ သီးသန့်ပါလာတဲ့ ကင်မရာစနစ်တစ်ခုက AR အထူးပြုလုပ်ချက်တွေအတွက် သုံးနိုင်မယ့် LiDAR Sensor တစ်ခုလည်း ပါဝင်လာတာ ဖြစ်ပါတယ်။ Apple ကတော့ LiDAR scanner ကို အလင်းအားနည်းချိန် focus ဖမ်းရာမျိုးမှာ သုံးနိုင်မှာ ဖြစ်ပြီး low-light ကင်မရာရိုက်ချက်ကို ၆ ဆအထိ ပိုပြီး autofocus ဖမ်းနိုင်မယ်လို့ ဆိုပါတယ်။

ကင်မရာအနေနဲ့ အရင်နှစ် iPhone 11 Pro တွေလိုပဲ Triple lens သုံးထားပြီး 12MP wide ၊ tele နဲ့ ultrawide ကင်မရာတို့ နဲ့ လာပါတယ်။ 52mm focal telephoto ဟာ 4x optical zoom အထိ ရမယ်လို့လည်း ဆိုပါတယ်။ iPhone 12 Pro Max ရဲ့ 12MP telephoto ဟာ ပိုပြီး အနီးဆွဲရိုက်နိုင်မယ့် 65mm focal length ပါရှိပြီး 5x optical zoom range ရမယ်လို့ ဆိုပါတယ်။

Photo: The Verge


Apple ဟာ iPhone 12 Pro မော်ဒယ်တွေအတွက် OIS ရုပ်ငြိမ်စနစ်သစ်ထည့်ထားတဲ့ wide camera သစ်လည်း သုံးထားပြီး ဒီကင်မရာ sensor ဟာ ၄၇% ပိုကြီးမားလာပြီး low-light စွမ်းရည်ကို ၈၇% အထိ ပိုမိုကောင်းမွန်စေမယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။ ဒီနှစ်ထွက် iPhone သစ်တွေရဲ့ ဗူးထဲမှာတော့ USB-C to Lightning cable ကလွဲပြီး တစ်ခြား headphone နဲ့ Adapter တို့ ပါလာတော့မှာ မဟုတ်ပါဘူး။

iPhone 12 Pro ဟာ ဈေးနှုန်းအနေနဲ့ ၉၉၉ ဒေါ်လာ (မြန်မာငွေ ၁၃ သိန်းကျော်) နဲ့ Pro Max ဟာ ၁၀၉၉ ဒေါ်လာ (မြန်မာငွေ ၁၄ သိန်းကျော်) ဈေးတွေကနေ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ storage option အနေနဲ့ 128GB ၊ 256GB နဲ့ 512GB ဆိုပြီး ထွက်ရှိထားပါတယ်။ 

Share

Loading Next Article...
က္က