OnePlus ရဲ့ စိတ်ဝင်စားစရာ flagship ဖုန်းသစ်

Always On Mode ပါလာပြီ ဖြစ်တဲ့ OnePlus ရဲ့ T-series Flagship ဖုန်းသစ် OnePlus 8T ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

OnePlus 8T ဟာ အမိုက်စား 120Hz refresh rate display နဲ့ လာပြီး ဘယ်ဘက်အပေါ်ထောင့်မှာ punch hole ကင်မရာစတိုင်ကို သုံးထားပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၅၅ လက်မ AMOLED panel ဟာ DisplayMate ရဲ့ A+ score ရထားတဲ့ panel လို့ ဆိုပါတယ်။ ကာလာထွက် တိကျပြီး တောက်ပမှုအနေနဲ့ 1100 nits အထိ ရှိပါတယ်။



Photo: GSMArena

ဒီဖုန်းရဲ့ ထူးခြားမှုတစ်ခုက OnePlus ဖုန်းတွေထဲမှာ ပထမဆုံး Always On Display Mode ပါလာတာပဲ ဖြစ်ပါတယ်။ AOD ဒီဇိုင်း ၁၁ မျိုးအထိ ထည့်ပေးထားပါတယ်။ တကယ်လို့ customize လုပ်ချင်ရင်လည်း Gallery ကနေ AI Algorithm နဲ့ အကောင်းဆုံး portrait shot ကို ရွေးပြီး AOD Wallpaper အဖြစ် သုံးနိုင်မှာပါ။

OnePlus 8T ဟ Snapdragon 865 chipset နဲ့ လာပါတယ်။ storage type အနေနဲ့ UFS 3.1 နဲ့လာပါတယ်။ LPDDR4X RAM 8GB နဲ့ 12GB ၊ 128GB/256GB storage ဆိုပြီး ဗားရှင်းတွေ ထွက်ထားပါတယ်။ Cooling system အနေနဲ့ အရင်ထက် ၂၈၅% ပိုကြီးလာတဲ့ အငွေ့အ‌အေးခန်းတစ်ခု သုံးလာပါတယ်။ 

ကင်မရာပိုင်းမှာ 48MP IMX586 sensor ၊ OnePlus ဖုန်းတွေထဲမှာ wide အဖြစ်ဆုံး ၁၂၃ ဒီဂရီ 16MP ultrawide lens ၊ 3cm အနားအထိ အရာဝတ္ထုတစ်ခုရဲ့ အနီးကပ်အသေးစိတ်ပုံတွေ ရိုက်နိုင်မယ့် 5MP macro lens နဲ့ 2MP depth sensor ဆိုပြီး ကျောဘက်ကင်မရာ လေးလုံး သုံးထားပါတယ်။ ရှေ့ ဆယ်လ်ဖီကင်မရာဟာ 16MP wide ကင်မရာ ဖြစ်ပါတယ်။

Photo: firstpost

ဘက်ထရီပါဝါ 4500 mAh သုံးထားပြီး 65W charging ကြောင့် ၃၉ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ်လို့ ဆိုပါတယ်။ OnePlus 8T ဟာ Android 11 နဲ့ ထွက်လာတဲ့ အစောဆုံး ဖုန်းတွေထဲမှာ ပါပါတယ်။ ကုမ္ပဏီအနေနဲ့ UI layered ဒီဇိုင်း ပိုပြီး ရိုးရှင်းစေဖို့ Dark Mode သစ်လို custom features တစ်ချို့လည်း ထည့်ထားပါတယ်။ အရောင်အနေနဲ့ Aquamarine Green နဲ့ Lunar Silver နှစ်ရောင်နဲ့ လာပါတယ်။


OnePlus 8T (RAM 8GB/ 128GB) မော်ဒယ်ကို အိန္ဒိယမှာ ရူပီး ၄၃၀၀၀ (မြန်မာငွေ ၇ သိန်း ၆ သောင်းကျော်) နဲ့ RAM 12GB/256GB မော်ဒယ်ကို ရူပီး ၄၆၀၀၀ (မြန်မာငွေ ၈ သိန်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။  ဈေးကွက်ပေါ် လိုက်ပြီး ဥရောပဈေးကွက်မှာ ၅၉၉ ယူရို (မြန်မာငွေ ၉ သိန်းကျော်) နဲ့ ၆၉၉ ယူရို (မြန်မာငွေ ၁၀ သိန်း ၇ သောင်းကျော်) ကျသင့်မှာ ဖြစ်ပြီး ကနေဒါမှာဆို RAM 12GB/256GB မော်ဒယ်ကို ၁၀၉၉ ဒေါ်လာ (မြန်မာငွေ ၁၄ သိန်းကျော်) အထိ ကျသင့်မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က