တန်ဖိုးသင့် 5G ဖုန်းတစ်လုံးပါ

Huawei ရဲ့ တန်ဖိုးသင့် 5G ဖုန်းတစ်လုံးဖြစ်တဲ့ Huawei Nova 7 SE ရဲ့ နောက်ထပ် Edition သစ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထဲမှာ Huawei ဟာ Nova 7 Series ထဲက ဈေးအချိုဆုံးမော်ဒယ်ဖြစ်တဲ့ Nova 7 SE 5G ကို မိတ်ဆက်ခဲ့တာပါ။ ဒီနေ့မှာ Nova 7 SE 5G Vitality Edition ဖုန်းသစ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ Nova 7 SE 5G Vitality Edition ဟာ မျက်နှာပြင် ၆.၅ လက်မ IPS LCD screen နဲ့ လာပြီး punch-hole ဒီဇိုင်းသုံးထားပါတယ်။



Photo: techandroids

1080 x 2400p FHD+ screen ဖြစ်ပြီး ရှေ့ကင်မရာ 16MP sensor ကို သုံးထားပါတယ်။ ကျောဘက်မှာ ထောင်လိုက် လေးလုံးတွဲကင်မရာတွေ ဖြစ်တဲ့ 64MP main sensor ၊ 8MP ultrawide lens ၊ 2MP macro sensor နဲ့ 2MP depth sensor တို့ သုံးထားပါတယ်။ ကင်မရာ features အနေနဲ့ HDR ၊ Night scene mode နဲ့ 4K video recording တို့လည်း ပံ့ပိုးပေးထားပါတယ်။

Huawei Nova 7 SE 5G Vitality Edition ဟာ Realme X7 နဲ့ Realme Q2 Pro တို့မှာ သုံးတဲ့ Dimensity 800U 5G processor နဲ့ လာပါတယ်။ RAM 8GB/128GB storage ဗားရှင်းတစ်မျိုးပဲ ထွက်ထားပါတယ်။ Android 10 OS ကို အခြေခံထားတဲ့ EMUI 10.1 သုံးထားပြီး Bluetooth 5.1 ချိတ်ဆက်မှု ၊ USB-C port ၊ 3.5mm headphone jack နဲ့ Dual SIM support ပေးထားပါတယ်။

ဘက်ထရီပါဝါဟာ 4000 mAh ဖြစ်ပြီး 40W rapid charging နဲ့ လာပါတယ်။ ဖုန်းလုံခြုံ‌ရေးစနစ်အနေနဲ့ Face Unlock နဲ့ ဘေးဘောင် လက်ဗွေဖတ်နည်းပညာတို့လည်း ပါရှိပါတယ်။ Nova 7 SE 5G Vitality Edition ကို ငွေရောင် ၊အစိမ်းရောင် ၊ အနက်နဲ့ ခရမ်းပြာ လေးရောင်နဲ့ ထွက်ထားပြီး ၂၂၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 

Share

Loading Next Article...
က္က