၅၀% အားပြည့်ဖို့ ၈ မိနစ်ဝန်းကျင်ပဲ ကြာမှာပါ

4000mAh ဘက်ထရီကို ၁၉ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မယ့် ကြိုးမဲ့အားသွင်းနည်းပညာတစ်ရပ်ကို Xiaomi က ကြေညာသွားပါတယ်။

Xiaomi ဟာ ကမ္ဘာ့အမြန်ဆုံးကြိုးမဲ့အားသွင်းနည်းပညာ ဖြစ်တဲ့ 80W wireless charging နည်းပညာကို မိတ်ဆက်ပြသခဲ့တာ ဖြစ်ပြီး ဒီအားသွင်းနည်းပညာဟာ Wireless charging နည်းပညာအနေနဲ့ ကုမ္ပဏီရဲ့ တတိယမြောက် တီထွင်ဖွံ့ဖြိုးမှုလည်း ဖြစ်တယ်လို့ Gizmochina သတင်းက ဆိုပါတယ်။ 



Photo: India Today


80W charging နည်းပညာဟာ 4000mAh ဘက်ထရီသုံး ဖုန်းတစ်လုံးကို ၁၉ မိနစ်အတွင်း အားအပြည့် သွင်းနိုင်မှာ ဖြစ်ပြီး အားတစ်ဝက်ရောက်ဖို့အတွက် ၈ မိနစ်ဝန်းကျင်ပဲ ကြာမှာ ဖြစ်ပါတယ်။ Xiaomi ဟာ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာပဲ Xiaomi Mi 10 Ultra မှာ ကုမ္ပဏီရဲ့ အမြန်ဆုံး ကြိုးမဲ့အားသွင်းနည်းပညာဖြစ်တဲ့ 50W wireless charging ကို မိတ်ဆက်ခဲ့ပါတယ်။ 

ဒီအရင် မတ်လထဲမှာလည်း 40W Wireless charging နည်းပညာကို မိတ်ဆက်ပြသခဲ့ပါတယ်။ Xiaomi ဟာ Mi Mix 2S မှာ ပထမဆုံး Wireless charging စနစ် ကို သုံးလာခဲ့တာ ဖြစ်ပါတယ်။ Mi Mix 2S မှာ သုံးတဲ့ wireless charging ဟာ 7.5W ပဲ ရှိခဲ့ပြီး Mi Mix 3 ဟာ 10W နဲ့ ၂၀၁၉ ထွက် Mi 9 flagship ဖုန်းမှာ 20W အထိ သုံးလာခဲ့ပါတယ်။

Xiaomi ဟာ အားသွင်းနည်းပညာပိုင်းမှာ အဆင့်မြှင့်တင်မှုတွေ လုပ်နေပြီး လာမယ့်နှစ်ထဲမှာ 100W wireless charging နည်းပညာကိုပါ မိတ်ဆက်သွားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က