တန်ဖိုးသင့် HTC ဖုန်း

ဖုန်းမော်ဒယ်သစ် သိပ်မထုတ်တော့တဲ့ HTC ဟာ မြန်မာငွေ ၄ သိန်းဝန်းကျင်တန် mid-ranger တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။

HTC ဟာ Desire 20+ နာမည်နဲ့ ဖုန်းသစ်တစ်မျိုးကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒီနှစ်အတွက် ရှားရှားပါးပါး တွေ့မြင်လာရတဲ့ HTC ဖုန်းသစ်လို့ ဆိုရမှာပါ။ HTC Desire 20+ ဟာ waterdrop notch နဲ့ ကျောဘက်ထောင်လိုက်စတုဂံကင်မရာကွက် ဒီဇိုင်းကို သုံးထားပါတယ်။ 




Photo: GSMArena


LCD display အမျိုးအစားဖြစ်ပြီး ၆.၅ လက်မနဲ့ လာတာ ဖြစ်ပါတယ်။ HD+ screen ရဲ့ အပေါ် waterdrop notch ဟာ 16MP selfie ကင်မရာ သုံးထားပါတယ်။ ကျောဘက် panel ဟာ ကန့်လန့်ဖြတ် textured grip ဒီဇိုင်းနဲ့လာပြီး fingerprint scanner ကိုလည်း ကျောဘက်မှာပဲ တပ်ဆင်ထားပါတယ်။

ကျောဘက်စတုဂံကင်မရာအိမ်ထဲမှာ 48MP primary shooter ၊ 5MP ultrawide lens ၊ 5MP depth sensor နဲ့ 2MP macro lens တို့ ပါရှိပါတယ်။ ကင်မရာတွေရဲ့ အောက်ခြေ ဘေးဘောင်မှာလည်း dual-LED flash တစ်ခု တပ်ဆင်ထားပါတယ်။ ဘက်ထရီပါဝါ 5000mAh ဖြစ်ပြီး Quick Charge 4.0 ပေးထားပါတယ်။ 

Photo: technews


HTC Desire 20+ ဟာ Snapdragon 720G processor နဲ့ လာပါတယ်။ RAM 6GB ပါရှိပြီး storage 128GB အပြင် microSD card လည်း ထပ်စိုက်နိုင်မှာပါ။ headphone jack ပေါက်လည်း ပါရှိပြီး Dawn Orange လိမ္မော်ရောင်နဲ့ Twilight Black အနက် ရောင်တွေနဲ့ ထွက်ထားပါတယ်။ 

ထိုင်ဝမ်ဈေးကွက်ထဲမှာ အောက်တိုဘာ ၂၂ ရက်နေ့က စပြီး တင်ပို့သွားမယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးနှုန်း ထိုင်ဝမ်ဒေါ်လာ ၈၄၉၀ (မြန်မာငွေ ၃ သိန်း ၈ သောင်းကျော်) ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က