Kirin 710A SoC ၊ 48MP Quad Cameras နဲ့ တန်ဖိုးနည်းဖုန်း

Y series ထဲက အသစ်ထွက်လာတဲ့ Huawei Y7a ကတော့ Huawei P Smart 2021 ရဲ့ brand ပြောင်းဗားရှင်းအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ Huawei ဟာ P Smart 2021 နာမည်နဲ့ တန်ဖိုးနည်းဖုန်းတစ်လုံးကို ကြေညာခဲ့ပြီး ဥရောပဈေးကွက်တွေဖြစ်တဲ့ ဩစတြေးလျ ၊ ခရိုအေးရှား ၊ အက်စ်တိုးနီးယားနဲ့ ဆလိုဗေးနီးယားတို့မှာ ဖြန့်ချိခဲ့ပါတယ်။ Huawei Y7a ကတော့ အာရှနဲ့ လက်တင်အမေရိကဈေးကွက်တွေထဲ ဝင်မယ့် Huawei P Smart 2021 နာမည်ပြောင်းဗားရှင်းလို့ ဆိုနိုင်ပါတယ်။



Photo: GSMArena

Huawei P Smart 2021 အကြောင်း သိခဲ့သူတွေအတွက်တော့ Huawei Y7a အကြောင်း ကြားရတာ ဘာမှဆန်းမှာ မဟုတ်ပါဘူး။ မှန်ပြင်အလယ်အပေါ်ဘက်မှာ punch-hole ကင်မရာပေါက် ဒီဇိုင်း သုံးထားပြီး ကျောဘက်ထောင်လိုက် စတုဂံပုံကင်မရာကွက်နဲ့ လာပါတယ်။ မျက်နှာပြင် အရွယ်အစား ၆.၆၇ လက်မ LCD display ဖြစ်ပြီး ဖုန်းဘေးဘောင် ပါဝါခလုတ်မှာ လက်ဗွေဖတ်စနစ် တပ်ဆင်ထားပါတယ်။

punch-hole ထဲက ဆယ်လ်ဖီကင်မရာဟာ 8MP ဖြစ်ပြီး ကျောဘက်မှာ 48MP main sensor ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 8MP ultrawide sensor ၊ 2MP depth sensor နဲ့ 2MP macro lens တို့ သုံးထားပါတယ်။ ဘက်ထရီပါဝါကို အကြီးစား 5000 mAh သုံးထားပြီး 22.5W charging နဲ့ လာပါတယ်။

Photo: Gizmochina


အထဲမှာတော့ Kirin 710A SoC ကို RAM 4GB နဲ့ တွဲသုံးထားပါတယ်။ storage အနေနဲ့ 64GB နဲ့ 128GB နှစ်မျိုး ထွက်ထားပြီး microSD card နဲ့ storage ထပ်တိုးနိုင်မှာပါ။ Android 10 OS ကို အခြေခံထားတဲ့ EMUI 10.1 နဲ့ လာပြီး Google apps နဲ့ services တွေတော့ ပါရှိမှာ မဟုတ်ပါဘူး။ 

Huawei Y7a ကို Crush Green ၊ Blush Gold နဲ့ Midnight Black သုံးရောင်နဲ့ ထွက်ထားပါတယ်။ 128GB ဗားရှင်းကို မလေးရှားရင်းဂစ် ၇၉၉ (မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


Share

Loading Next Article...
က္က