5000 mAh ဘက်ထရီ နဲ့ တန်ဖိုးနည်းဖုန်းပါ

တရုတ်ဈေးကွက်မှာ ဒုတိယမြောက် iQOO U-series ဖုန်းသစ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ Vivo ဟာ iQOO U1 ဖုန်းသစ်ကို မိတ်ဆက်ခဲ့ပြီး ဒီတစ်ခါမှာ ဈေးပိုသက်သာပြီး specs နည်းနည်းလျှော့ထားတဲ့ iQOO U1z သစ်ကို ဖြန့်ချိလိုက်တာပါ။ iQOO U1 ကတော့ waterdrop noth နဲ့လာပြီး ကျောဘက်မှာ ကင်မရာသုံးလုံးတွဲစနစ် သုံးလာပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၅၁ လက်မ IPS LCD display ဖြစ်ပြီး HD+ ရုပ်ထွက် ပါရှိပါတယ်။



Photo: GSMArena


ရှေ့ notch ထဲမှာ 8MP selfie ကင်မရာ သုံးထားပြီး fingerprint scanner ဟာ ဖုန်းဘေးဘောင်မှာ ပါဝါခလုတ်နဲ့တွဲပြီး ထည့်ထားပါတယ်။ ကျောဘက်ကင်မရာအိမ်ဟာ ထောင်လိုက်စတုဂံကင်မရာကွက်ပုံစံ ဖြစ်ပြီး အထဲမှာ 13MP main sensor ၊ 2MP macro lens နဲ့ 2MP bokeh ကင်မရာတို့ ပါရှိပါတယ်။

သုံးတဲ့ processor ဟာ Snapdragon 662 chipset ဖြစ်ပြီး LPDDR4X RAM 6GB အထိ ပါရှိမှာပါ။ storage ကိုလည်း 64GB နဲ့ 128GB အထိ သုံးထားပါတယ်။ ဘက်ထရီပါဝါဟာ 5000mAh ဖြစ်ပြီး 18W charging နဲ့ ထွက်လာပါတယ်။ ဆော့ဖ်ဝဲလ်စနစ်အနေနဲ့ Android 10 ကို အခြေခံထားတဲ့ iQOO UI နဲ့ လာပါတယ်။

iQOO U1x ဟာ အနက်၊ ငွေရောင် ကာလာနှစ်ရောင်နဲ့ ထွက်ထားပါတယ်။ RAM 4GB/64GB storage မော်ဒယ်ကို ၈၉၉ ယွမ် (မြန်မာငွေ ၁ သိန်း ၇ သောင်းခွဲဝန်းကျင်) ဈေးကနေ စတင်ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က