ဈေးအချိုဆုံး 5G ဖုန်းတွေထဲက တစ်လုံးပါ။

Quad Cameras ပါဝင်တဲ့ ZTE ရဲ့ တန်ဖိုးသင့် 5G ဖုန်းသစ်ကို တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။

ZTE V2020 5G ဟာ punch-hole ဒီဇိုင်းနဲ့ လာပြီး ကျောဘက်မှာ ဆွဲဆောင်အားကောင်းတဲ့ ရောင်ပြန်ကာလာစပ်နဲ့ ထွက်လာတာ ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၅၃ လက်မ IPS LCD screen ပါရှိပြီး FHD+ ရုပ်ထွက်ပါရှိပါတယ်။ 5G ကွန်ရက်ပံ့ပိုးမှုပါတဲ့ chipset သုံးထားပြီး ကျောဘက် Quad Cameras တွဲ နဲ့ လာပါတယ်။



Photo: smartphonew

Dimensity 800 chipset နဲ့အတူ RAM 8GB/128GB storage ပါရှိပြီး storage ထပ်မြှင့်ဖို့အတွက် microSD card slot လည်း ထည့်ပေးထားပါတယ်။ punch-hole ကင်မရာထဲမှာ 16MP ဆယ်လ်ဖီကင်မရာ သုံးထားပါတယ်။ fingerprint scanner ဟာ ကျောဘက်မှာ တပ်ဆင်ထားပါတယ်။

စတုရန်းကွက်ပုံစံ ကျောဘက်ကင်မရာထဲမှာ 48MP main sensor ၊ 8MP ultrawide sensor ၊ 2MP macro lens နဲ့ 2MP depth sensor တို့ ပါရှိပါတယ်။ အမိုက်စား အသံနည်းပညာဖြစ်တဲ့ DTS:X Ultra support ပေးထားပြီး 3.5mm audio jack လည်း ထည့်ပေးထားပါတယ်။ ဘက်ထရီပါဝါ 4000 mAh ဖြစ်ပြီး Android 10 ကို အခြေခံထားတဲ့ MiFavor UI နဲ့ လာပါတယ်။

ZTE V2020 5G ကို Gradient Blue ရောင်ပြေးကာလာတစ်ရောင်တည်းနဲ့ လာပြီး ၁၃၉၉ ယူရို (မြန်မာငွေ ၂ သိန်း ၇ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က