လှပသားနားတဲ့ ဒီဇိုင်းနဲ့ High-end ဖုန်းတစ်လုံးရဲ့ ထူးခြားမှုများ

Huawei ရဲ့ ပရီမီယံဖုန်းသစ်တွေ ဖြစ်တဲ့ Huawei Mate 40 ၊ Mate 40 Pro ၊ Mate 40 Pro Plus နဲ့ Mate 40 RS Porsche Design တို့ကို မိတ်ဆက်သွားပြီ ဖြစ်ပါတယ်။

Huawei Mate 40 Pro ဟာ ပေါက်ကြားထားတဲ့ သတင်းတွေအတိုင်း ဘေးဘောင်မှာ ပါဝါနဲ့ အသံတိုး/လျှော့ ခလုတ်တွေ တပ်ဆင်ထားတာ တွေ့ရပါတယ်။ အရင်နှစ် Huawei Mate 30 စီးရီးမှာ virtual buttons တွေ သုံးခဲ့တာ ဖြစ်ပါတယ်။ display ဘေးဘောင်တွေကို ၈၈ ဒီဂရီ ထောင့်ချိုးအထိ သိသိသာသာကွေးညွှတ်ထားပါတယ်။



Photo: GSMArena


မျက်နှာပြင်အရွယ်အစား ၆.၇၈ လက်မ OLED display ဟာ 1344 x 2772px ရုပ်ထွက်ပါရှိပါတယ်။ display အပေါ်ဘယ်ထောင့်မှာ dual punch-hole ကင်မရာပေါက် သုံးထားပါတယ်။ ရှေ့ကင်မရာဟာ 3D ToF depth sensor တစ်ခုနဲ့ 13MP ကင်မရာတို့ ဖြစ်ပြီး မျက်နှာပြင်နဲ့ လက်အမူအယာတွေကိုလည်း ဖမ်းယူသိရှိနိုင်မှာ ဖြစ်ပါတယ်။

Huawei Mate 40 ဖုန်းတွေမှာ ဖုန်း Gallery ထဲက ပုံတွေကို ကြည့်ဖို့အတွက် လက်ကို ဘယ်/ညာရွှေ့ခြင်း ၊ eBook စာမျက်နှာတွေကို လှန်ဖို့ လက်ကို အပေါ်အောက် လှုပ်ဖယ်ခြင်း ၊ ဖုန်းအဝင်ကောလက်ခံမှုကို လက်နဲ့ အမိန့်ပေးခြင်းများ လုပ်နိုင်မှာပါ။ screen refresh rate အနေနဲ့ 90Hz ပါရှိပြီး မှန်ပြင်အောက်မှာ လက်ဗွေဖတ် sensor ထည့်သွင်းထားပါတယ်။ ဘက်ထရီပါဝါ 4400 mAh ဟာ 66W wired နဲ့ 50W wireless charging တို့ support ပေးထားပါတယ်။ 

Huawei Mate 40 Pro ဖုန်းသစ်တွေဟာ Mali-G78 GPU ပါဝင်တဲ့ Huawei ရဲ့ နောက်ဆုံးပေါ် အဆင့်မြင့် 5nm Kirin 9000 processor နဲ့ လာပါတယ်။ Huawei ကတော့ ဒီ chipset သစ်ရဲ့ CPU နဲ့ GPU စွမ်းဆောင်ရည်ဟာ Snapdragon 865 Plus SoC ထက် ၁၀% နဲ့ ၅၂% စီ ပိုမြန်တယ်လို့ ဆိုပါတယ်။ RAM/storage အနေနဲ့ 8GB/256GB အပြင် Nano Memory card နဲ့လည်း storage ကို ထပ်မြှင့်နိုင်မှာ ဖြစ်ပါတယ်။ Huawei Mate စီးရီး ဖုန်းတွေဟာ Huawei M Pen 2 Stylus သစ်လည်း support ပေးထားပါတယ်။ 


Photo: 91Mobiles


ကင်မရာဟာ Mate series တွေရဲ့ ဆွဲဆောင်မှုအကောင်းဆုံး feature တစ်ခု ဖြစ်ပြီး Huawei Mate 40 Pro ဟာ ကျောဘက်မှာ iPod click-wheel စတိုင် စက်ဝိုင်းပုံကင်မရာအိမ်နဲ့ လာပါတယ်။ main camera ဟာ P40 Pro စတိုင် 50MP RYYB sensor ဖြစ်ပြီး ဒီကင်မရာနဲ့အတူ 5x periscope 12MP ကင်မရာ နဲ့ ၁၂၀ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 20MP ultra-wide ကင်မရာတို့ တွဲသုံးထားပါတယ်။ 

Huawei Mate 40 Pro ကို Mystic Silver ၊ White ၊ Black ၊ Green နဲ့ Yellow ကာလာတွေနဲ့ ထွက်ထားပါတယ်။ အစိမ်းနဲ့ အဝါကာလာနှစ်ရောင်ဟာ လယ်သာသားရေတုနဲ့ ထွက်ထားပါတယ်။ Huawei Mate 40 Pro (RAM 8GB/256GB ) မော်ဒယ်ကို ဥရောပဈေးကွက်မျာ ယူရို ၁၂၀၀ (မြန်မာငွေ ၁၈ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က