ဈေးနှုန်း မသိရသေးပါဘူး

Huawei ရဲ့ High-end မော်ဒယ်ဖုန်းသစ်တွေ ဖြစ်တဲ့ Mate 40 series ကို မိတ်ဆက်မှုနဲ့အတူ Huawei Mate 30E Pro နာမည်နဲ့ ဖုန်းသစ်တစ်မျိုးလည်း ကြေညာသွားပါတယ်။

Huawei Mate 30E Pro 5G ဟာ တရုတ်ဈေးကွက်မှာ ခပ်လျှိုလျှိုမိတ်ဆက်လိုက်တဲ့ ပဉ္စမမြောက်ဖုန်း ဖြစ်ပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့ပွဲမှာ Huawei ဟာ Mate 40 ၊ Mate 40 Pro ၊ Mate Pro+ နဲ့ Porsche Design Mate 40 RS တို့ကို ပွဲထုတ်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ဒီမော်ဒယ် ၄ မျိုးစလုံးဟာ Kirin 9000 chipset နဲ့ လာတာပါ။



Photo: Gizchina

၂၀၁၉ မော်ဒယ် Huawei Mater 30 Pro နဲ့ တစ်ပုံစံတည်းဗားရှင်း ဖြစ်ပြီး Mate 30E Pro 5G နာမည်နဲ့ ထွက်လာတဲ့ ဖုန်းကတော့ Kiirn 990E SoC ကို သုံးလာတာ ဖြစ်ပါတယ်။ Kirin 990E SoC အကြောင်း သိပ်မသိရပေမယ့် ဒီ Processor ဟာ Kirin 990 ရဲ့ underclocked version ဖြစ်ဖို့ ရှိပါတယ်။ 

Kirin 990E SoC နဲ့အတူ Balong 5G basband ၊ ISP 6.0 နဲ့ security module တို့လည်း ပါဝင်ပါတယ်။ Huawei ဟာ Mate 30E Pro အကြောင်း အသေးစိတ်အချက်အလက် များများစားစား ထုတ်မပြောခဲ့ပေမယ့် ဒီဇိုင်းပိုင်းမှာ ဒီဖုန်းဟာ Huawei Mate 30 Pro 5G နဲ့ တစ်ပုံစံတည်း ထွက်ထားတာ ဖြစ်ပါတယ်။ ကျောဘက်မှာ Oreo ring ပုံစံ လေးလုံးတွဲကင်မရာ setup နဲ့လာပြီး Leica ကင်မရာတွေ သုံးထားပါတယ်။ Hauwei Mate 30E Pro 5G ဟာ အနက် ၊ ခရမ်းပြာ ၊ ငွေရောင် ၊ စိမ်းပြာ ၊ ကျောက်စိမ်းရောင် ၊ လိမ္မော်ရောင် ကာလာတွေနဲ့ ထွက်ထားပါတယ်။ ဈေးနှုန်း မသိရသေးပေမယ့် နိုဝင်ဘာ ၁ ရက်နေ့ ဈေးကွက်ဝင်ဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က