၁၅ ရက်အထိ အားခံမှာပါ

တရုတ်စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်တဲ့ Realme ရဲ့ စမတ်နာရီသစ်ကို နိုဝင်ဘာ ၂ရက်နေ့ ပါကစ္စတန်ဈေးကွက်မှာ မိတ်ဆက်ဖြန့်ချိမယ်လို့ ဆိုပါတယ်။

Realme Watch S ဟာ စက်ဝိုင်းပုံ နာရီအိုးဒီဇိုင်းနဲ့ လာပြီး ၁.၃ လက်မ touch display သုံးထားပါတယ်။ auto-brightness sensor တစ်ခုလည်း ပါရှိပါတယ်။ နာရီ display ဟာ OLED လား LCD လားဆိုတာတော့ မသိရသေးပါဘူး။ နာရီအိုးရဲ့ ညာဘက်မှာ စက်ဝိုင်းပုံ ခလုတ်နှစ်ခုလည်း သုံးထားပြီး တစ်ခုက ပါဝါခလုတ်နဲ့ နောက်တစ်ခုက Interface သွားဖို့အတွက် သုံးနိုင်မယ့် ခလုတ်ဖြစ်ပါတယ်။



Photo: MySamartPrice

ဒီနာရီမှာ နှလုံးခုန်တိုင်း Heart-rate sensor နဲ့ သွေးတွင်းအောက်ဆီဂျင် Level စောင့်ကြည့်နိုင်မယ့် SpO2 sensor တစ်ခုလည်း ပါဝင်မှာ ဖြစ်ပါတယ်။ အားကစားလုပ်သူတွေအတွက် Sports mode ၁၆ မျိုးအထိ ထည့်ပေးထားပြီး ဘက်ထရီပါဝါ 390 mAh သုံးထားပါတယ်။ အားသွင်းဖို့ magnetic charger တစ်ခုလည်း ပါပြီး ၁၅ ရက်အထိ အားခံမယ်လို့ ဆိုပါတယ်။

Realme Watch S ဟာ IP68 rating ရေစိုခြင်းနဲ့ ဖုန်တင်ခြင်းဒဏ်ခံနိုင်မှာ ဖြစ်ပြီး လက်ပတ်ကြိုးကို လိ‌မ္မော် ၊ အနက် ၊ အပြာနဲ့ အစိမ်းကာလာတွေနဲ့ ထွက်ထားပါတယ်။ ဈေးနှုန်းတော့ ကြေညာခြင်း မရှိသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က