dual Stereo စပီကာ နဲ့ လေးလုံးတွဲကင်မရာတို့ ပါရှိပါတယ်

မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်တန် mid-range 5G ဖုန်းတစ်လုံးကို OnePlus က မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၆ ရက် ညပိုင်းမှာ OnePlus Nord N10 5G နဲ့ OnePlus N100 ဖုန်းသစ်နှစ်မျိုးကို ကြေညာသွားတာ ဖြစ်ပြီး ဒီဖုန်းတွေဟာ ကုမ္ပဏီရဲ့ ဈေးအနည်းဆုံးမော်ဒယ်အဖြစ် ထွက်လာတာပါ။ OnePlus Nord စီးရီးကနေ အသစ်ထွက်ခဲ့တဲ့ OnePlus Nord N10 5G ဟာ ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ OnePlus 2 နောက်ပိုင်း LCD display ကို ပထမဆုံးပြန်သုံးလာတဲ့ ဖုန်းဖြစ်ပါတယ်။



Photo: 9to5google

မျက်နှာပြင် ၆.၄၉ အရွယ်အစား ရှိပြီး 1080p+ ရုပ်ထွက် ပါရှိပါတယ်။ display ကို အကြမ်းခံမှု မြင့်တဲ့ Gorilla Glass 3 မှန်အုပ်ထားပြီး fingerprint ကို ကျောဘက်ပြောင်းထားပါတယ်။ Upper mid-ranger တစ်ချို့မှာ တွေ့ရတဲ့ 90Hz refresh rate ကိုလည်း သုံးပေးထားပါတယ်။ OnePlus Nord မှာ မပါခဲ့တဲ့ dual stereo စပီကာစနစ်လည်း ထည့်ပေးထားပါတယ်။ 

screen ရဲ့ အပေါ်ဘယ်ဘက်ထောင့်မှာ punch-hole ကင်မရာပေါက် ပါရှိပြီး ဆယ်လ်ဖီကင်မရာကတော့ 16MP ဖြစ်ပါတယ်။ ကျောဘက်မှာ 64MP main sensor ၊ ၁၁၉ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 8MP ultrawide sensor ၊ macro နဲ့ monochrome sensor ဆိုပြီး ကင်မရာလေးလုံးတွဲ တပ်ဆင်ထားပါတယ်။ 4300mAh ဘက်ထရီအမျိုးအစားဖြစ်ပြီး Warp Charge 30T အားသွင်းစနစ် ပါလာပါတယ်။

Photo: 9to5google

နာမည်အတိုင်းပဲ ဒီဖုန်းဟာ 5G ကွန်ရက် ချိတ်ဆက်မှုပါတဲ့ X51 modem သုံး Snapdragon 690 processor နဲ့ လာပါတယ်။ 5G ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ Sub-6GHz ပဲ ပံ့ပိုးထားတာပါ။ RAM 6GB/128GB storage ဖြစ်ပြီး memory ထပ်မြှင့်နိုင်မယ်လို့ ဆိုပါတယ်။ အရင်ထွက်ခဲ့တဲ့ original Nord ဖုန်းကို ဥရောပနဲ့ အာရှဈေးကွက်တွေမှာပဲ ဖြန့်ချိခဲ့တာ ဖြစ်ပေမယ့် OnePlus Nord N10 5G နဲ့ N100 တို့ကတော့ မြောက်အမေရိကဈေးကွက်ထဲ ရောက်မယ်လို့ ကုမ္ပဏီက ကြေညာပါတယ်။ 

ဈေးနှုန်း ယူရို ၃၅၀ (မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်) ဈေးသတ်မှတ်ထားပြီး နိုဝင်ဘာလထဲ ဈေးကွက်ဝင်ဖို့ ရှိပါတယ်။ 

Share

Loading Next Article...
က္က