ဈေးအသင့်ဆုံး SDG 865 SoC သုံး ဖုန်းတစ်လုံးပါ

Snapdragon 865 processor သုံးထားတဲ့ ဈေးအတန်ဆုံးဖုန်းတစ်လုံးကို Xiaomi က မိတ်ဆက်လိုက်ပါတယ်။

Redmi K30 series အနေနဲ့ Redmi K30 4G, Redmi K30 5G, Redmi K30 Pro 5G, Redmi K30 Pro 5G Zoom Edition, Redmi K30 5G Racing Edition, Redmi K30i 5G နဲ့ Redmi K30 Ultra တို့ကို ကြေညာခဲ့တဲ့အထဲမှာ ဒီဖုန်းဟာ နောက်ဆုံးမော်ဒယ် ဖြစ်ဖို့ ရှိပါတယ်။ Redmi K30s ဟာ Xiaomi Mi 10T ရဲ့ Rebranded version လို့ ဆိုနိုင်ပါတယ်။ 



Photo: GSMArena

၂၀၂၀ ထွက် High-end processor ဖြစ်တဲ့ Snapdragon 865 processor နဲ့ လာတာ ဖြစ်လို့ 5G/4G ကွန်ရက်နှစ်မျိုးစလုံး ရနိုင်မှာပါ။ dual stereo စပီကာ ၊ Bluetooth 5.1 နဲ့ NFC ချိတ်ဆက်မှုများလည်း ပါဝင်ပါတယ်။ RAM 8GB ကနေ UFS 3.1 256GB storage အထိ ထွက်ထားပြီး အနက် ၊ ငွေရောင် ကာလာ ၂ မျိုးနဲ့ လာပါတယ်။

ရှေ့ display ဟာ LCD display ဖြစ်ပြီး ၆.၆၇ လက်မ အရွယ်အစားပါရှိပါတယ်။ Screen refresh rate အနေနဲ့ 144Hz အထိ ပါရှိခြင်းကလည်း ဒီဖုန်းရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ ဖုန်းလုံခြုံရေးအတွက် AI Face Unlock နဲ့ ဘေးဘောင်လက်ဗွေဖတ်စနစ်တို့ သုံးထားပါတယ်။ selfie ကင်မရာဟာ punch hole ကင်မရာထဲမှာ ရှိပြီး 20MP sensor သုံးလာတာ ဖြစ်ပါတယ်။

Photo: theinfobytes

ကျောဘက် ထောင်လိုက်စတုဂံပုံစံကင်မရာကွက်ထဲမှာ 64MP main sensor ၊ 13MP Ultra-Wide sensor နဲ့ 5MP macro shooter တို့ ပါရှိပါတယ်။ ဒီကင်မရာတွေဟာ 1080p slow-mo ဗွီဒီယိုနဲ့ 8K video recording အထိ support ပေးထားပါတယ်။ ဘက်ထရီပါဝါဟာ 5000 mAh ဖြစ်ပြီး 33W fast charger တစ်ခုလည်း ဖုန်းနဲ့အတူ ပါလာမှာ ဖြစ်ပါတယ်။

Redmi K30S ကို ဗားရှင်းနှစ်မျိုးနဲ့ ထုတ်ထားပါတယ်။ RAM 8GB/128GB storage နဲ့ RAM 8GB/256GB storage ဗားရှင်းအတွဲဖြစ်ပြီး ယွမ် ၂၂၉၉ (မြန်မာငွေ ၄ သိန်းခွဲခန့်) နဲ့ ၂၄၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၈ သောင်းခန့်) ဈေးနဲ့ တရုတ်ဈေးကွက်မှာ ရောင်းချသွားမှာပါ။ 

Share

Loading Next Article...
က္က