wireless charging ပါ ရပါတယ်

Rugged Phone တွေနဲ့ နာမည်ကြီးတဲ့ Doogee ဟာ ကျောဘက်လေးလုံးတွဲကင်မရာမှာ Night Vision sensor တွေ ပါတဲ့ ဖုန်းတစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။

Doogee တံဆိပ် S96 Pro ဟာ IR Night-vision နဲ့လာတဲ့ ပထမဆုံး တန်ဖိုးသင့်စမတ်ဖုန်းတစ်လုံး ဖြစ်ပြီး ထူးခြားတာက ကြိုးမဲ့အားသွင်းစနစ်ပါ ရတာ ဖြစ်ပါတယ်။ Doogle ရဲ့ စတိုင်အတိုင်း အကြမ်းခံမှုမြင့်မားတဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားပြီး IP68 ၊ IP69K နဲ့ စစ်တပ်အဆင့်အကြမ်းခံမှုဖြစ်တဲ့ MIL-STD 810G rating ပါရှိပါတယ်။



Photo: GSMArena

ရေအနက် ၅ မီတာမှာပါ ဖုန်းကို သုံးလို့ရအောင် ဒီဇိုင်းထုတ်ထားပြီး ကင်မရာဟာ အဲ့ဒီလိုအခြေအနေမျိုးမှာတောင် အလုပ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။ ရေအောက်မှာ ကြာကြာသုံးချင်တယ်ဆိုရင်တော့ ရေအနက် ၁.၅ မီတာ (၅ ပေခန့်) မှာ မိနစ် ၃၀ အထိ သုံးနိုင်မှာပါ။ ပြင်းထန်လွန်ကဲတဲ့ အပူချိန်တွေကို ခံနိုင်ရည် ရှိပြီး ကွန်ကရစ်ပြင်ပေါ် ၁.၈ မီတာအမြင့်ကနေ လွတ်ကျမှုလည်း ခံနိုင်မှာ ဖြစ်ပါတယ်။

ဘက်ထရီပါဝါအနေနဲ့ အကြီးစား 6350 mAh နဲ့ လာပြီး 24W fast charging နဲ့ 10W wireless charging တို့ ပါရှိပါတယ်။ reverse wireless charging တော့ ထည့်မထားပါဘူး။ လုံခြုံရေးအတွက် ဘေးဘောင်မှာ လက်ဗွေခလုတ်နဲ့ Face Unlock နည်းပညာတို့ သုံးထားပါတယ်။ ကျောဘက်မှာ စက်ဝိုင်းပုံကင်မရာအိမ်နဲ့ လေးလုံးတွဲကင်မရာစနစ် နဲ့ လာပါတယ်။

Photo: GSMArena

မျက်နှာပြင်အရွယ်အစား ၆.၂၂ လက်မ IPS LCD display ပါရှိပြီး waterdrop notch ဒီဇိုင်း သုံးထားပါတယ်။ notch ထဲမှာ 16MP selfie ကင်မရာ ပါရှိပြီး dual SIM နဲ့ microSD card တပြိုင်တည်းသုံးနိုင်မယ့် Triple slot တစ်ခု ပါရှိမှာပါ။ ကျောဘက်ကင်မရာတွေနဲ့အတူ infrared အလင်း ၄ ခုနဲ့ LED မီး ၄ လုံး တပ်ထားတာကြောင့် အမှောင်ထဲမှာ ဓါတ်ပုံတွေ ရုပ်ထွက်ရှင်းရှင်းနဲ့ ရိုက်နိုင်မှာ ဖြစ်ပါတယ်။

ကျောဘက်ကင်မရာအနေနဲ့ Sony IMX350 Ultra light sensor ပါ 20MP ကင်မရာ နဲ့အတူ 48MP main sensor ၊ 8MP ultrawide lens နဲ့ 2MP macro lens တို့လည်း တပ်ဆင်ထားပါတယ်။ Helio G90 processor နဲ့အတူ RAM 8GB/128GB storage ပါရှိပြီး Android 10 ဗားရှင်းဖုန်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က