Triple lens နဲ့ ဖက်ရှင်မိတဲ့ ဒီဇိုင်း သုံးထားပါတယ်

ကင်မရာစွမ်းရည်မြင့် Upper mid-range ဖုန်းသစ်တစ်မျိုးဖြစ်တဲ့ Vivo V20 ဖုန်းသစ်တွေကို အောက်တိုဘာ ၂၈ ရက်နေ့က ပြည်တွင်းဈေးကွက်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။

ပါးလွှာတဲ့ Ultra-Sleek AG Glass ဒီဇိုင်းသုံးထားတဲ့ ဒီဖုန်းဟာ Super Nigh Mode ကင်မရာလုပ်ဆောင်ချက်ပါ သုံးလုံးတွဲကင်မရာ ၊ 33W Flash Charge နည်းပညာနဲ့ လူငယ်အကြိုက်ဖက်ရှင်ကျတဲ့ ဒီဇိုင်းနဲ့ ထွက်လာတာ ဖြစ်ပါတယ်။ waterdrop notch ဒီဇိုင်း သုံးထားပြီး AG Glass နည်းပညာကြောင့် ဖုန်းမှန်ပြင်ဟာ လက်ဆီပေးခြင်းနဲ့ အစင်းခြစ်ရာတွေကို အဖြစ်နည်းစေမယ်လို့ ဆိုပါတယ်။



Photo: Vivo Myanmar


မျက်နှာပြင် ၆.၄၄ လက်မ AMOLED FHD+ display နဲ့ လာပြီး Midnight Jazz ခဲညိုရောင်နဲ့ Sunset Melody ညနေခင်းရောင်ပုံစံဆန်း နှစ်မျိုးနဲ့ ထွက်ထားပါတယ်။ waterdrop notch ထဲမှာ မျက်စိရဲ့ အကြည့်အတိုင်း လိုက်ပြီး အလိုအလျောက် ချိန်ညှိပေးမယ့် Eye Autofocus စနစ်ပါ 44MP ဆယ်လ်ဖီကင်မရာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

ကျောဘက်ကင်မရာအိမ်ဟာ ထောင်လိုက်စတုဂံပုံစံနဲ့လာပြီး ကင်မရာရဲ့ flash နဲ့ ကင်မရာတည်နေရာကို အလွှာ ၂ ခုခွဲထည့်ထားတာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာအနေနဲ့ 64MP main sensor ၊ 8MP Multi-Function Camera (Super Wide Angle/Bokeh/Super Macro) + 2MP Mono Camera တို့ တွဲဖက်သုံးထားပါတယ်။ ကင်မရာလုပ်ဆောင်ချက်အနေနဲ့ ညဘက်ရိုက်ချက်တွေအတွက် Super Night Mode ၊ လှုပ်ရှားနေတဲ့ အရာဝတ္ထုတွေကို ပြတ်သားစွာ ရိုက်ကူးဖမ်းယူနိုင်မယ့် Motion Autofocus တို့လည်း ပါရှိမှာပါ။

Photo: Vivo Myanmar

processor အနေနဲ့ Snapdragon 720G processor သုံးထားပြီး RAM 8GB / 128GB ROM အတွဲနဲ့ ထုတ်ထားပါတယ်။ ဖုန်းနဲ့ ဂိမ်းကစားသူတို့အတွက် အကောင်းဆုံး မိုဘိုင်းဂိမ်းကစားမှုအတွေ့အကြုံပေးနိုင်ဖို့ Multi Turbo နည်းပညာ ထည့်ပေးထားတယ်လို့ ဆိုပါတယ်။ ဘက်ထရီပါဝါ 4000 mAh ဖြစ်ပြီး 33W Flash Charge အမြန်အားသွင်းစနစ်လည်း ပါဝင်ပါတယ်။

ပြည်တွင်းဈေးကွက်မှာ နိုဝင်ဘာ ၅ ရက်နေ့က စတင် ရောင်းချသွားမှာ ဖြစ်ပြီး Base Model ကို ငွေကျပ် ၄၉၉၈၀၀ ကျပ်ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က