စိတ်ဝင်စားဖို့ကောင်းတဲ့ mid-ranger တစ်လုံးပါ

Honor X10 စီးရီးရဲ့ တန်ဖိုးနည်း mid-ranger တစ်လုံးဖြစ်တဲ့ Honor 10X Lite ကို ဆော်ဒီအာရေဗျဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။

Honor 10X Lite ဟာ ခေတ်ဆန်ပြီး ဆွဲဆောင်မှုရှိတဲ့ အလတ်တန်းစားဖုန်းတစ်လုံးအနေနဲ့ ထွက်လာတာ ဖြစ်ပါတယ်။ LTE ဗားရှင်းပဲ ဖြစ်ပြီး 5G ချိတ်ဆက်မှုတော့ မရပါဘူး။ Honor 10X Lite ဟာ Huawei လက်အောက်ခံဖုန်းတစ်လုံးဖြစ်တဲ့အတိုင်း Google Mobile Services တွေ မပါတော့ပါဘူး။



Photo: GSMArena

မျက်နှာပြင်အရွယ်အစား ၆.၆၇ လက်မ ဟာ FHD+ ရုပ်ထွက်ပါ IPS LCD display နဲ့ လာပြီး display အ‌ပေါ်အလယ်တည့်တည့်မှာ punch-hole ကင်မရာပေါက်တစ်ခု ပါရှိပါတယ်။ Honor 10X Lite ဟာ Kirin 710 SoC နဲ့ လာပြီး RAM 4GB/128GB storage ပါရှိတဲ့အပြင် microSD card သုံးပြီး storage ထပ်မြှင့်နိုင်မှာ ဖြစ်ပါတယ်။

ဖုန်း punch-hole ပေါက်မှာ 8MP selfie ကင်မရာ ပါရှိပြီး ဖုန်းအောက်ခြေမှာ Headphone jack နဲ့ Type-C connector တို့လည်း ထည့်သွင်းထားပါတယ်။ ဖုန်းလုံခြုံရေးအနေနဲ့ ဘေးဘောင်မှာ fingerprint scanner တစ်ခု တပ်ဆင်ထားပါတယ်။ ဘက်ထရီပါဝါဟာ အကြီးစား 5000 mAh ပါဝါသုံးထားပြီး Honor Supercharge အားသွင်းစနစ် သုံးထားပါတယ်။

Photo: GSMArena

ကျောဘက်မှာ ထောင်လိုက်စတုဂံကင်မရာအိမ်ဒီဇိုင်းနဲ့ ကင်မရာ cutout ထဲမှာ 48MP Main sensor ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 8MP Ultra-wide ကင်မရာ ၊ 2MP Depth sensor နဲ့ 2MP macro lens ကင်မရာတို့ ထည့်ထားပါတယ်။ ဆော့ဖ်ဝဲလ်အနေနဲ့ Android 10 ကို အခြေခံထားတဲ့ Honor Magic UI 3.1 စနစ် နဲ့ လာပါတယ်။

Honor 10X Lite ဟာ Icelandic Frost ၊ Midnight Black နဲ့ Emerald Green ကာလာ ၃ ရောင်နဲ့ ထွက်ထားပါတယ်။ ဆော်ဒီအာရေဗျဈေးကွက်မှာ SAR 799 (မြန်မာငွေ ၂ သိန်း ၇ သောင်းကျော်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ 

Share

Loading Next Article...
က္က