budget ဆိုပေမယ့် စိတ်ဝင်စားဖို့ကောင်းမယ့် ဖုန်းတွေပါ

တန်ဖိုးနည်း စမတ်ဖုန်း Brand တစ်ခု ဖြစ်တဲ့ Micromax ဟာ အိန္ဒိယဈေးကွက်မှာ IN 1 lineup ဖုန်းသစ်နှစ်မျိုးကို ကြေညာသွားပါတယ်။

အိန္ဒိယဈေးကွက်အတွက် ထုတ်လုပ်သည်ဆိုတဲ့ ဈေးကွက်မြှင့်တင်ရေးကြွေးကြော်မှုနဲ့ Micromax IN Note 1 နဲ့ IN 1B တို့ကို မိတ်ဆက်လာတာ ဖြစ်ပါတယ်။ Micromax IN series ဖုန်းသစ်တွေဟာ MediaTek chipset များ သုံးလာပြီး အကြီးစား Screen နဲ့ အမြင့်စားဘက်ထရီပါဝါများနဲ့ ထွက်လာတာ ဖြစ်ပါတယ်။



Photo: firstpost


Micromax IN Note 1 ဟာ ဖုန်းသစ်နှစ်လုံးထဲမှာ higher-end ကျတဲ့ မော်ဒယ်ဖြစ်ပြီး Helio G85 chipset ၊ RAM 4GB နဲ့ လာပါတယ်။ ရှေ့ခြမ်းမှာ ကင်မရာကို punch-hole စတိုင်ထားပေး ထားပါတယ်။ ဖုန်း screen အပေါ် အလယ်တည့်တည့်မှာ ရှိတဲ့ Punch-hole ထဲမှာ 16MP selfie ကင်မရာ သုံးထားပါတယ်။

မျက်နှာပြင်အရွယ်အစားဟာ ၆.၆၇ လက်မ LCD display ဖြစ်ပြီး FHD+ display နဲ့ လာပါတယ်။ ဖုန်းရဲ့ ကျောဘက်မှာ fingerprint scanner ကို ထည့်ပေးထားပါတယ်။ ဖုန်းဘယ်ဘက်မှာ Google Assistant ခလုတ်တစ်ခု တပ်ဆင်ထားပြီး SIM နှစ်ကတ်နဲ့ microSD card တစ်ခု တစ်ပြိုင်တည်း သုံးနိုင်မှာပါ။ 

ကျောဘက်မှာ ထောင်လိုက်စတုဂံကင်မရာ အိမ် ဒီဇိုင်း သုံးထားပြီး လေးလုံးတွဲကင်မရာစနစ် ထည့်သွင်းထားပါတယ်။ ကင်မရာတွေအနေနဲ့ 48MP main sensor ၊ 5MP ultrawide lens ၊ 2MP macro နဲ့ 2MP depth sensor တို့ ပါရှိပါတယ်။ 

ဘက်ထရီပါဝါ 5000mAh ဟာ USB C port ကနေ 18W fast charging ပံ့ပိုးထားပါတယ်။ Micromax IN Note 1 ကို အစိမ်းနဲ့ အဖြူ နှစ်ရောင်နဲ့ ဝယ်နိုင်မှာပါ။ 64GB storage အတွက် ၁၀၉၉၉ ရူပီး (မြန်မာငွေ ၂ သိန်းခန့်) နဲ့ 128GB မော်ဒယ်ကို ၁၂၉၉၉ ရူပီး (မြန်မာငွေ ၂သိန်း ၂ သောင်းခွဲခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Micromax IN 1B ကတော့ မျက်နှာပြင် ၆.၅၂ လက်မ LCD HD+ display နဲ့ လာပြီး 8MP selfie ကင်မရာပါ Waterdrop notch တစ်ခုလည်း ပါရှိပါတယ်။ Hello G35 processor သုံးထားပြီး ကျောဘက်မှာ 13MP main sensor နဲ့ 2MP depth sensor ကင်မရာနှစ်လုံးတွဲစနစ် ပါရှိပါတယ်။

Photo: GSMArena


fingerprint scanner ကိုလည်း ကျောဘက်မှာပဲ သုံးထားပါတယ်။ IN Note 1 လိုပဲ Google Assistant ခလုတ် ပါပြီး Android 10 စနစ် သုံးထားပါတယ်။ ဘက်ထရီပါဝါ 5000 mAh ပဲ ဖြစ်ပြီး USB C port ကနေ 10W charging နှုန်းနဲ့ အားသွင်းနိုင်မှာပါ။

Micromax IN 1B ဟာ RAM 2GB/32GB storage နဲ့ RAM 4GB/64GB storage ဗားရှင်းနှစ်မျိုးနဲ့ ထွက်ထားပြီး ခရမ်းရောင် ၊ အပြာရောင်နဲ့ အစိမ်းရောင် ကာလာ ၃ မျိုးနဲ့ ထွက်ထားပါတယ်။ ဈေးနှုန်းအနေနဲ့ ၆၉၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၂ သောင်းကျော်) နဲ့ ၇၉၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၄ သောင်းခန့်) ဈေးများ နဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က