Smartband လား Smartwatch လား မေးမိစေမယ့် ထုတ်ကုန်

Full-Screen display ပါရှိတဲ့ ကမ္ဘာ့ပထမဆုံး fitness tracker ထုတ်ကုန်တစ်ခုကို Huawei ရဲ့ sub-brand ဖြစ်တဲ့ Honor က မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Honor Band 6 ဟာ NFC ပါ မော်ဒယ်နဲ့ NFC မပါတဲ့ မော်ဒယ်ဆိုပြီး ဗားရှင်းနှစ်မျိုး ထွက်ထားပါတယ်။ ဒီဇိုင်းပိုင်းမှာ မှန်ပြင်ပြည့်ပုံစံ သုံးထားပြီး ကိုယ်ထည်အိမ်ဘေးမှာ ဖုန်း screen ကို နှိုးပေးမယ့် အနီရောင်ခလုတ်လေးတစ်ခုလည်း ပါရှိပါတယ်။ ဘယ်ဘက်မှာ HONOR ဆိုပြီး တံဆိပ်ထွင်းထားပါတယ်။



Photo: gizmochina


မျက်နှာပြင်အရွယ်အစား ၁.၄၇ လက်မ AMOLED display ဟာ ရုပ်ထွက် 194 x368p ပါရှိပြီး အပေါ်မှာ 2.5D glass မှန်အုပ်ထားပါတယ်။ capacitive key အစား စမတ်ဖုန်းတစ်လုံးလိုပဲ Gesture Navigation သုံးထားပြီး လက်ပတ်ကြိုးအနေနဲ့ Meteorite Black ၊ Seagull Grey နဲ့ Coral Powder ကာလာတွေနဲ့ ထွက်ထားပါတယ်။

ကြိုးအရောင်ကွဲပေမယ့် ဘော်ဒီကတော့ အနက်ရောင်ပဲ သုံးထားပါတယ်။ Honor Band 6 ဟာ sports modes ၁၀ မျိုး ပံ့ပိုးထားပြီး သွေးတွင်းအောက်ဆီဂျင်စောင့်ကြည့်စနစ် ၊ ၂၄ နာရီ နှလုံးခုန်တိုင်းတာစောင့်ကြည့်တဲ့ Huawei TruSeen 4.0 စနစ် ၊ Huawei TruSleep အိပ်စက်မှုစောင့်ကြည့်နည်းပညာ နဲ့ အမျိုးသမီး ဓမ္မတာစက်ဝိုင်းစောင့်ကြည့်မှုတို့ ပါဝင်လာပါတယ်။


Photo: gizmochina

Honor Band 6 ဟာ ၁၄ ရက်အထိ အားခံတဲ့ ဘက်ထရီပါရှိပြီး ဘက်ထရီပါဝါဟာ 180mAh ဖြစ်ပါတယ်။ Magnetic Charger ကနေ အားသွင်းမှု လုပ်နိုင်ပြီး ရေအနက် မီတာ ၅၀ မှာ ၁၀ မိနစ်အထိ ရေစိမ်ခံနိုင်မယ့် 5ATM စံနဲ့ လာပါတယ် ။ NFC ဗားရှင်းဟာ စမတ်ကတ် နဲ့ ခရစ်ဒစ်ကတ်တို့လို contactless payments နဲ့ အသံအကူနည်းပညာစနစ်တို့လည်း ထည့်သွင်းထားပါတယ်။ 

NFC ပါ ဗားရှင်းဟာ ၂၈၉ ယွမ် (မြန်မာငွေ ၅ သောင်းခွဲကျော်) ဈေးနဲ့ ရိုးရိုးမော်ဒယ်ကို ၂၄၉ ယွမ် (မြန်မာငွေ ၄ သောင်း ၈ ထောင်ခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က