တန်ဖိုးသင့် 5G ဖုန်းတစ်လုံး

OPPO ရဲ့ ဆွဲဆောင်မှုအားကောင်းတဲ့ တန်ဖိုးသင့်ဖုန်းတစ်လုံး ဈေးကွက်ထဲ ရောက်လာပြီ ဖြစ်ပါတယ်။

OPPO K7x ဟာ မျက်နှာပြင် ၆.၅ လက်မ FullHD+ LCD display နဲ့လာပြီး punch-hole ဒီဇိုင်း သုံးထားပါတယ်။ 90Hz screen ဖြစ်ပြီး 180Hz sampling rate ပါရှိပါတယ်။ ကျောဘက်မှာ ထောင်လိုက်စတုဂံကင်မရာအိမ်ပုံစံ သုံးထားပြီး ဘေးဘောင်လက်ဗွေဖတ်စနစ် နဲ့လ ာပါတယ်။



Photo: GSMArena

punch-hole ကင်မရာပေါက်ထဲမှာ 16MP selfie သုံးထားပြီး ကျောဘက်မှာ 48MP main sensor ၊ 8MP ultrawide ၊ 2MP macro နဲ့ 2MP depth sensor တို့ ထည့်သွင်းထားပါတယ်။ dual-mode 5G စနစ် ပံ့ပိုးထားတဲ့ ဖုန်းတစ်လုံး ဖြစ်ပြီး သုံးထားတဲ့ processor ဟာ Dimensity 720 SoC ဖြစ်ပါတယ်။

RAM 6GB ပါရှိပြီး 128GB onboard storage နဲ့ လာပါတယ်။ Android 10 ကို အခြေခံထားတဲ့ ColorOS 7.2 စနစ် ဖြစ်ပြီး Black Mirror နဲ့ Blue Shadow နှစ်ရောင် ထွက်ထားပါတယ်။ ဘက်ထရီပါဝါ 5000 mAh ဟာ 30W fast charging ပံ့ပိုးမှု ပါလာပြီး 3.5mm headphone jack ပေါက်လည်း ထည့်ပေးထားပါတယ်။

တရုတ်ဈေးကွက်မှာ OPPO K7x ကို ၁၄၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၉ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က