ဈေးနှုုန်းနဲ့ ထွက်မယ့်ရက် ပြောမထားပါဘူး

တရုတ်ဈေးကွက်မှာ Vivo ရဲ့ mid-range 5G ဖုန်းတစ်လုံး ဝင်ရောက်လာပါတယ်။

Vivo S7e 5G ဟာ MediaTek Dimensity 720 SoC နဲ့ လာပြီး ကင်မရာသုံးလုံးတွဲစနစ် သုံးထားပါတယ်။ waterdrop notch နဲ့ ထောင်လိုက်ကင်မရာဒီဇိုင်းအတွဲ ရိုးရိုးစင်းစင်းပဲ လာပြီး fingerprint scanner ကို မှန်ပြင်အောက်မှာ ထည့်ထားပါတယ်။ display ဟာ FHD+ AMOLED display ဖြစ်ပြီး screen resolution အနေနဲ့ 2400 x 1080p ရုပ်ထွက် ပါရှိပါတယ်။



Photo: GSMArena

မျက်နှာပြင်အရွယ်အစား ၆.၄၄ လက်မဖြစ်ပြီး 3.5mm headphone jack နဲ့ လာပါတယ်။ 4G VoLTE နဲ့ 5G dual support ပေးထားပြီး Type C port နဲ့ အားသွင်းရမှာပါ။ ဘက်ထရီပါဝါ 4100mAh ဖြစ်ပြီး 33W fast charging ပါရှိပါတယ်။ waterdrop notch အတွင်းမှာ 16MP selfie ကင်မရာ သုံးထားပါတယ်။

Vivo S7e 5G ဟာ RAM 8GB/128GB storage ဗားရှင်းနဲ့ ထွက်ထားပြီး Mirror Black ၊ Phantom Blue နဲ့ Silver Moon သုံးရောင်နဲ့ လာပါတယ်။ ကျောဘက်မှာ 64MP main sensor နဲ့အတူ 8MP super wide-angle macro lens နဲ့ 2MP depth sensor ဆိုပြီး ကင်မရာသုံးလုံး ပါရှိပါတယ်။ ကင်မရာ features အနေနဲ့ 10x digital zoom ၊ night scene mode တို့လည်း သုံးနိုင်မှာပါ။

ဒီဖုန်းဟာ Android 10 ကို အခြေခံထားတဲ့ FunTouch OS 10.5 နဲ့ လာပြီး Multi-Turbo 3.0 လို features လည်း ပါဝင်ပါတယ်။ဈေးနှုန်းနဲ့ ဖြန့်ချိမယ့်ရက်တော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ 

Share

Loading Next Article...
က္က