Galaxy Z Fold 2 ထက် ဈေးပိုကြီးပါတယ်
Nyein Min Wai

Samsung ရဲ့ Galaxy နာမည်နဲ့ မဟုတ်တဲ့ Foldable ဖုန်းသစ်တစ်လုံးကို တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။

Samsung W21 5G ဟာ တရုတ်ဈေးကွက်ထဲ ဝင်လာတဲ့ ၂၀၂၀ ထွက် ဒုတိယမြောက် Foldable ဖုန်းဖြစ်ပြီး Galaxy Z Fold 2 နဲ့ ဆင်ပါတယ်။ အရွယ်အစားအားဖြင့် Galaxy Z Fold 2 ထက် နည်းနည်းရှည်ပြီး ဘက်ထရီပါဝါကို 4500mAh ၊ 25W wired နဲ့ 11W wireless charging သုံးထားပါတယ်။ 

Photo: xda-developers


ဖုန်းကို ဖွင့်ထားချိန်မှာ 120Hz refresh rate ပါ ၇.၆ လက်မ Dynamic AMOLED 2X display နဲ့ လာပြီး အပြင်ဘက်မှာ Gorilla Glass Victus နဲ့လာတဲ့ ၆.၂၃ လက်မ Super AMOLED ပါရှိပါတယ်။ Samsung W21 5G ဟာ Snapdragon 865+ SoC သုံးထားပြီး အမြင့်ဆုံး memory အတွဲအနေနဲ့ RAM 12GB/512GB storage အထိ ထွက်ထားပါတယ်။

ကျောဘက်စတုဂံကင်မရာကွက်ထဲမှာ OIS နဲ့ PDAF ပါ 12MP main lens ၊ 2x Optical Zoom ၊ 10x digital zoom ပါတဲ့ 12MP tele lelns နဲ့ 12MP Ultrawide sensor တို့ သုံးထားပြီး အရှေ့ကင်မရာ 10MP နဲ့ လာပါတယ်။ W21 5G ဟာ dual-mode 5G နဲ့ dual 4G VoLTE support ပေးထားပြီး Dolby Atmos support ပါ စတီရီယိုစပီကာတွေ သုံးထားပါတယ်။

လက်ဗွေကို Side-Mounted ဘေးဘောင်စနစ် တပ်ဆင်ထားပြီး dual nanoSIM support ပေးထားပါတယ်။ ဖုန်းကျောဘက်မှာ ရွှေရောင်ကာလာနဲ့ ထောင်လိုက်စင်းဒီဇိုင်းသုံးထားပါတယ်။ အရောင်ကိုလည်း ရွှေရောင်ကာလာနဲ့ မိတ်ဆက်ထားပြီး ဈေးနှုန်း ယွမ် ၂ သောင်း (မြန်မာငွေ ၃၈ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က