ရိုးရှင်းတဲ့ တန်ဖိုးသင့် 5G ဖုန်းတစ်လုံးပါ

သုံးလုံးတွဲကင်မရာ သုံးထားတဲ့ တန်ဖိုးသင့် 5G ဖုန်းတစ်လုံးကို ZTE မှ ကြေညာလိုက်ပါတယ်။ 

ZTE Blade 20 5G ဟာ ဒီတစ်ပတ်ထဲ တရုတ်ဈေးကွက်မှာ ဝင်လာတဲ့ တန်ဖိုးနည်း 5G ဖုန်းတွေထဲက တစ်လုံး ဖြစ်ပြီး မြင်နေကျ ရိုးစင်းတဲ့ ဒီဇိုင်းကိုပဲ သုံးလာတာ ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၅၂ လက်မ IPS LCD screen ဟာ waterdrop notch သုံးထားပြီး HD+ ရုပ်ထွက်ပါရှိပါတယ်။



Photo: GSMArena


ရှေ့ကင်မရာအဖြစ် 8MP ကို သုံးထားပါတယ်။ ကျောဘက်မှာ ၁၂၀ဒီဂရီ မြင်ကွင်းကျယ် ဖမ်းနိုင်မယ့် 16MP main sensor ၊ 8 MP ultrawide lens နဲ့ 2MP depth sensor တို့ ပါရှိပြီး 4K ရုပ်သံရိုက်ကူးမှု ပါရှိပါတယ်။ fingerprint scanner ကိုလည်း ကျောဘက်မှာပဲ တပ်ဆင်ထားပါတယ်။

ZTE Blade 20 5G ဟာ Dimensity 720 chipset သုံးထားပြီး 5G ကွန်ရက်ချိတ်ဆက်မှု ပါလာပါတယ်။ အပူလွန်ကဲမှုကနေ ကာကွယ်ဖို့ အအေးခံ heatsink တစ်ခု ပါလာပါတယ်။ RAM 6GB/128GB storage နဲ့လာပြီး storage ထပ်မြှင့်နိုင်ဖို့အတွက်လည်း microSD card slot တစ်ခု ပါရှိပါတယ်။

ဘက်ထရီပါဝါ 4000 mAh ဖြစ်ပြီး fast charging တော့ ပါရှိခြင်း မရှိပါဘူး။ တရုတ်ဈေးကွက်မှာ ဒီဖုန်းကို Light Blue Mint နဲ့ Jazzy Gray နှစ်ရောင်နဲ့ ဝင်ပြီး ယွမ် ၁၄၉၉ (မြန်မာငွေ ၃ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က