Motorola ရဲ့ Midranger ဖုန်းတွေပါ

Motorola ရဲ့ ဈေးအသင့်ဆုံး 5G ဖုန်းနဲ့ ဧရာမဘက်ထရီပါဝါသုံးထားတဲ့ ဖုန်းသစ်နှစ်မျိုး ထွက်ရှိလာပါတယ်။

Moto G9 Power နဲ့ Moto G 5G တို့ဟာ Motorola ရဲ့ အသစ်ထွက် Mid-ranger တွေ ဖြစ်ပြီး လက်တင်အမေရိက ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှဈေးကွက်တွေထဲ ဝင်မှာပါ။ Moto G9 Power ဟာ နာမည်အတိုင်း အကြီးစားဘက်ထရီပါဝါသုံးထားတဲ့ ဖုန်းပါ။ မျက်နှာပြင် ၆.၈ လက်မ HD+ LCD display သုံးထားတဲ့ ဒီဖုန်းဟာ punch-hole cutout ပုံစံနဲ့လာပြီး 16MP selfie ကင်မရာပါရှိပါတယ်။ ကျောဘက် Moto လိုဂိုမှာ Fingerprint scanner ထည့်သွင်းထားပါတယ်။



Photo: GSMArena

စတုရန်းပုံစံ ကျောဘက်ကင်မရာကွက်ထဲမှာ 64MP main sensor ၊ 2MP macro lens နဲ့ 2MP depth sensor ဆိုပြီး ကင်မရာသုံးလုံးတွဲ သုံးထားပါတယ်။ processor အနေနဲ့ Snapdragon 662 SoC ကို RAM 4GB/128GB storage အတွဲနဲ့ လာပါတယ်။ MicroSD card နဲ့ storage ထပ်မြှင့်နိုင်မှာပါ။ 

ဘက်ထရီပါဝါ 6000mAh ဖြစ်ပြီး USB-C port နဲ့ အားသွင်းနိုင်မှာပါ။ အားသွင်းမှုနှုန်းအနေနဲ့ 20W charging ပံ့ပိုးထားပါတယ်။ Moto G9 Power ဟာ Android 10 ကို အခြေခံထားတဲ့ Motorola My UX နဲ့ ထွက်ထားပါတယ်။ ဥရောပဈေးကွက်မှာ Electric Violet နဲ့ Metallic Sage နှစ်ရောင်နဲ့ ထွက်ထားပြီး ယူရို ၂၀၀ ဈေးနဲ့ ရောင်းချသွားမှာပါ။

Moto G 5G ကတော့ Snapdragon 750G processor သုံးထားတဲ့ ဖုန်း ဖြစ်ပါတယ်။ မျက်နှာပြင် ၆.၇ လက်မရှိပြီး FHD+ LCD display နဲ့ လာပါတယ်။ IP52 splash-proof ပါ ဖုန်းဖြစ်ပြီး အောက်ခြေမှာ နားကြပ်ပေါက် ထည့်ပေးထားပါတယ်။ မှန်ပြင်အပေါ်အလယ်တည့်တည့် punch-hole ထဲမှာ 16MP ဆယ်လ်ဖီကင်မရာ ပါရှိပါတယ်။

Photo: GSMArena


ကျောဘက်မှာ 48MP main sensor ၊ 8MP ultrawide နဲ့ 2MP macro lens တို့ သုံးထားပါတယ်။ 5000mAh ဘက်ထရီဖြစ်ပြီး Moto G9 Power လိုပဲ 20W charging ပေးထားပါတယ်။ Volcanic Grey နဲ့ Frosted Silver နှစ်ရောင်နဲ့ လာပါတယ်။ RAM 4/6GB နဲ့ storage 64/128GB ဆိုပြီး ထွက်ထားပါတယ်။ base မော်ဒယ်ကို ယူရို ၃၀၀ ဈေးနဲ့ ရောင်းချသွားမှာပါ။

Share

Loading Next Article...
က္က