မြန်မာငွေ ၅ သိန်းကျော် ဈေးကနေ စတင်ရောင်းချသွားမှာပါ

64MP Quad Cameras ၊ 65W fast charging နဲ့ 5G support ပါလာတဲ့ အလတ်တန်းစား Huawei Nova ဖုန်းသစ်တစ်မျိုး ထွက်လာပါတယ်။

Huawei Nova 8 SE ဟာ ၇.၄၆ မီလီမီတာ ထူပြီး ၁၇၈ ဂရမ် လေးပါတယ်။ ကျောဘက်မှာ စတုရန်းကင်မရာကွက်အိမ်နဲ့ လာပြီး iPhone 12 ပုံစံ Flat Frames ဒီဇိုင်း သုံးထားပါတယ်။ ကျောဘက်ကင်မရာကွက်ထဲမှာ 64MP main sensor ၊ 8MP ultrawide lens ၊ 2MP macro နဲ့ 2MP depth sensor ကင်မရာလေးလုံး ပါရှိပါတယ်။



Photo: Huawei Central

waterdrop notch ဒီဇိုင်းသုံးထားပြီး screen size အနေနဲ့ ၆.၅၃ လက်မ FHD+ OLED display နဲ့ ထွက်ထားပါတယ်။ notch ထဲမှာ 16MP selfie ကင်မရာ ထည့်သွင်းထားပါတယ်။ screen ဟာ HDR10 support ပေးထားပြီး ဇီဝလုံခြုံရေးအနေနဲ့ မှန်ပြင်အောက် လက်ဗွေနည်းပညာတစ်ခုလည်း ပါရှိပါတယ်။

Standard Edition မော်ဒယ်ဟာ Dimensity 720 chipset နဲ့ လာပါတယ်။ High Edition မော်ဒယ်ဟာ Dimensity 800U processor သုံးထားတာပါ။ ဗားရှင်းနှစ်မျိုးစလုံးဟာ RAM 8GB/128GB storage နဲ့ ထွက်ထားပြီး Android 10 အခြေခံ EMUI 10.1 စနစ်နဲ့ လာပါတယ်။

ဘက်ထရီပါဝါဟာ ခေတ်ပေါ်ဖုန်းတစ်လုံးအနေနဲ့ သေးတယ်လို့ ပြောနိုင်တဲ့ 3800 mAh သုံးထားပါတယ်။ 65W charging အားသွင်းစနစ် ပါတာဖြစ်လို့ ၁၅ မိနစ်အားသွင်းလိုက်တာနဲ့ ၆၀% အထိ အားသွင်းနိုင်မယ်လို့ ဆိုပါတယ်။ 3.5mm headphone jack ထည့်ထားပြီး dual SIM / dual-band Wi-Fi စနစ်တို့ ပါဝင်လာပါတယ်။

Photo: GSMArena

Dimensity 720 နဲ့ Dimensity 800U processor မော်ဒယ်နှစ်မျိုးစလုံးဟာ 5G ကွန်ရက် ချိတ်ဆက်မှု ရနိုင်ပြီး Standard Edition ဟာ primary SIM တစ်ကတ်မှာပဲ 5G သုံးနိုင်မှာပါ။ High Edition မော်ဒယ်ကတော့ SIM နှစ်ကတ်လုံးမှာ 5G ကွန်ရက် support ပေးထားတယ်လို့ ဆိုပါတယ်။

Nova 8 SE ဟာ ကာလာ လေးရောင်နဲ့ လာပြီး Standard Edition ဟာ ၂၅၉၉ ယွမ် (မြန်မာငွေ ၅ သိန်းကျော်) နဲ့ High Edition မော်ဒယ်ကို ၂၆၉၉ ယွမ် (မြန်မာငွေ ၅ သိန်း ၃ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 

Share

Loading Next Article...
က္က