အကြမ်းပတမ်း အသုံးခံနိုင်မယ့် ဖုန်းတစ်လုံး

Oukitel ရဲ့ ပထမဆုံး 5G Rugged Phone ကို တရားဝင်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Oukitel WP10 5G ဟာ King Battery ဆိုတဲ့ ကြွေးကြော်သံနဲ့ ထွက်လာတဲ့ အကြမ်းခံဖုန်းတစ်လုံးပါ။ Rugged phone ခေါင်းစဉ်အောက်က ထွက်လာတဲ့ ဖုန်းဖြစ်ပြီး ရေအနက် ၁.၅ မီတာအထိ ရေစိမ်ခံနိုင်မယ့် IP68 နဲ့ IP69K rating ပါရှိပါတယ်။ စစ်တပ်အဆင့် အကြမ်းခံမှုဖြစ်တဲ့ MIL-STD_810G ထောက်ခံချက်ပါတာ ဖြစ်လို့ အမြင့် ၁.၅ မီတာကနေ လွတ်ကျတဲ့ဒဏ်ကိုလည်း ခံနိုင်ရည် ရှိမှာပါ။



Photo: seogoog


ဖုန်းကိုယ်ထည်ကလည်း ဖုန်မှုန်တွေ မဝင်အောင်နဲ့ မတော်တဆထိခိုက်မိတာတွေကနေ ကာကွယ်နိုင်အောင် ထုတ်ထားတာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီဖုန်းဟာ မြန်နှုန်းမြင့် 5G ချိတ်ဆက်မှု ရလာတာပါပဲ။ သုံးထားတဲ့ processor ဟာ 7nm MediaTek Dimensity 800 chipset ဖြစ်ပါတယ်။

Oukitel WP10 5G ဟာ 5G download နဲ့ upload speed အနေနဲ့ 2.3Gbps နဲ့ 2.5Gpbs နှုန်းတွေအထိ ရနိုင်ဖို့ ရှိတာကြောင့် HD movie တစ်ကားကို စက္ကန့်ပိုင်းအတွင်း ဒေါင်းလုပ်ဆွဲနိုင်မှာပါ။ 5G support ပေးထားလို့ အွန်လိုင်းဂိမ်းကစားတာနဲ့ 4K Video Streaming လုပ်ဆောင်မှုတွေကို အထစ်အငေါ့မရှိ သာသာယာယာ သုံးနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာက Slogan အတိုင်းပဲ 8000mAh ဧရာမဘက်ထရီပါဝါ နဲ့ လာတာ ဖြစ်ပါတယ်။ ကုမ္ပဏီကတော့ သုံးစွဲသူတွေအနေနဲ့ ၄၈ နာရီအထိ အားမသွင်းဘဲ သုံးနိုင်မယ်လို့ ဆိုပါတယ်။ ဒါကလည်း 5G Connection ကြောင့် ပါဝါသုံးစွဲမှုပိုများခြင်းပါ ထည့်တွက်ထားတာ ဖြစ်ပါတယ်။

Photo: Droid News


Oukietl WP10 5G ဟာ screen အပေါ်ထိပ် အလယ်မှာ punch-hole ဒီဇိုင်း သုံးထားပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၆၇ လက်မ FHD+ display နဲ့ လာပြီး ကျောဘက်မှာ ထောင်လိုက်စတုဂံပုံစံ လေးလုံးတွဲကင်မရာကွက်ပုံစံ ပါရှိပါတယ်။ ကျောဘက်ကင်မရာအိမ်ထဲမှာ Sony 48MP primary lens ၊ 13MP wide lens ၊ 2MP depth sensor နဲ့ 2MP macro lens တို့ ထည့်သွင်းထားပါတယ်။ 

လက်ရှိမှာ Oukitel ဟာ WP10 5G ဖုန်းဈေးနှုန်းတွေ မကြေညာထားပါဘူး။ Oukitel ရဲ့ ထုံးစံ သက်သာတဲ့ ဈေးနှုန်းနဲ့တော့ ထွက်လာဖို့ ရှိပါတယ်။ 

Share

Loading Next Article...
က္က