primary lens နဲ့ selfie ကင်မရာတို့ပဲ အဆင့်မြှင့်ထားတာပါ

ပြီးခဲ့တဲ့မတ်လထဲမှာ မိတ်ဆက်ခဲ့တဲ့ Galaxy M21 ကို Upgrade လုပ်ထားတဲ့ ဖုန်းသစ်တစ်မျိုး Samsung က ကြေညာလိုက်ပါတယ်။

Samsung Galaxy M21 ဟာ 20MP selfie ကင်မရာပါပြီး ကျောဘက်မှာ သုံးလုံးတွဲကင်မရာထည့်ထားပါတယ်။ Galaxy M21 ရဲ့ ကျောဘက်ကင်မရာဟာ 48MP main sensor ၊ 8MP ultrawide နဲ့ 5MP depth sensor တို့ ဖြစ်ပါတယ်။ Galaxy M21s ကတော့ 32MP selfie ကင်မရာ နဲ့အတူ 64MP main sensor ၊ 8MP ultrawide နဲ့ 5MP depth sensor သုံးလာတာပါ။



Photo: exavibes


တခြားအချက်အလက်တွေအနေနဲ့ Galaxy M21 နဲ့ အတူတူပါပဲ။ Infinity-U display နဲ့ လာပြီး ၆.၄ လက်မ FHD+ Super AMOLED screen ပါရှိပါတယ်။ Galaxy M21s ဟာ Exynos 9611 SoC ပဲ သုံးထားပြီး ကျောဘက်မှာ fingerprint scanner တစ်ခုလည်း တပ်ဆင်ထားပါတယ်။

ဘက်ထရီပါဝါ 6000 mAh ဖြစ်ပြီး 15W fast charging ပံ့ပိုးထားပါတယ်။ RAM 4GB/64GB storage ပါရှိပြီး microSD card slot ကနေ 1TB အထိ ထပ်တိုးနိုင်မှာပါ။ Galaxy M21s ဟာ Android 10 နဲ့ လာပြီး အနက်နဲ့ အပြာ နှစ်ရောင်နဲ့ ထွက်ထားပါတယ်။ 3.5mm headphone jack ပါရှိပြီး Bluetooth 5.0 ချိတ်ဆက်မှု ပါရှိပါတယ်။

Galaxy M21s ဟာ ဘရာဇီးရီးယယ် ၁၅၂၉ (မြန်မာငွေ ၃ သိန်း ၆ သောင်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။

Share

Loading Next Article...
က္က