Nokia 8.3 ကို 5G network ပိုစုံတဲ့ ဗားရှင်းအဖြစ် ထုတ်လာတာပါ

HMD ရဲ့ 5G network နှစ်မျိုးစလုံး ပံ့ပိုးနိုင်တဲ့ Nokia 8 V 5G UW ဖုန်းသစ်ကို ကြေညာလိုက်ပါတယ်။

Nokia အမှတ်တံဆိပ် HMD ရဲ့ ပထမဆုံး 5G ဖုန်းဖြစ်တဲ့ Nokia 8.3 5G ကို ပြီးခဲ့တဲ့ မတ်လထဲမှာ မိတ်ဆက်ခဲ့တာပါ။ Nokia 8.3 5G ဟာ sub-6GHz 5G ပဲ support ပေးထားတာ ဖြစ်ပါတယ်။ Nokia 8 V 5G UW ကတော့ sub-6GHz နဲ့ mmWave 5G ကွန်ရက်တွေ ပံ့ပိုးသွားမှာပါ။




Photo: Android Authority

Nokia 8 V 5G UW ဟာ Nokia 8.3 5G နဲ့ တစ်ပုံစံတည်းဖြစ်ပြီး အချက်အလက်အားဖြင့်လည်း တူပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း Nokia 8.3 5G အတိုင်း punch-hole screen နဲ့ ကျောဘက်စက်ဝိုင်းပုံ ကင်မရာဒီဇိုင်း သုံးထားပါတယ်။ Nokia 8 V 5G ဟာ မီးခိုးရောင်ကာလာ သုံးထားပြီး မျက်နှာပြင် ၆.၈၁ လက်မ display နဲ့လာပါတယ်။

display ဟာ FHD+ resolution ပါ IPS LCD display ဖြစ်ပြီး အပေါ်ဘယ်ဘက် punch-hole ထဲမှာ 24MP ZEISS ကင်မရာ လာပါတယ်။ ဘေးဘောင်မှာ ရှိတဲ့ ပါဝါခလုတ်ဟာ လက်ဗွေဖတ် sensor လိုလည်း အလုပ်လုပ်နိုင်မှာ ဖြစ်ပြီး customize လုပ်နိုင်မယ့် Voice Assistant ခလုတ်တစ်ခုလည်း ပါရှိပါတယ်။

Nokia 8 V 5G UW ဟာ အားသွင်းဖို့အတွက် USB-C port နဲ့ သီချင်းနားထောင်ဖို့ 3.5mm headphone jack တို့ ထည့်ပေးထားပါတယ်။ အထဲမှာတော့ 5G Modem ပါ Snapdragon 765G processor နဲ့ လာပြီး RAMM 6GB/64GB storage ပဲ သုံးထားပါတယ်။ အရင် Nokia 8.3 5G မှာ RAM 8GB/128GB storage အထိ ပါရှိပါတယ်။

Photo: Tech Carving


ဘက်ထရီပါဝါဟာ 4500 mAh ဖြစ်ပြီး 18W charging ပံ့ပိုးထားပါတယ်။ ကျောဘက်စက်ဝိုင်းပုံ ကင်မရာ cutout ထဲမှာ 64MP primary lens ၊ 12MP ultrawide ၊ 2MP macro lens နဲ့ 2MP depth sensor တို့ ထည့်သွင်းပါရှိပါတယ်။ Android 10 စနစ်နဲ့ လာပြီး ဆော့ဖ်ဝဲလ်ပိုင်းမှာ အန်းဒရိုက်ဗားရှင်း နှစ်ခု နဲ့ ၁၈ လကြာ security upgrade ပေးသွားမယ်လို့ HMD က ကတိပြုထားပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့ ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်း ဒေါ်လာ ၇၀၀ (မြန်မာငွေ ၉ သိန်းခန့်) သတ်မှတ်ထားပါတယ်။ 

Share

က္က